Chapter - 41.1

12.2K 2K 92
                                    

Unicode

သွေးသားတော်စပ်မှုနှုန်း
_____________________
ဒါက ကျန်ရှင်းဆွေ့ ရှန်အိမ်ကိုပထမဆုံး ရောက်ဖူးတာဖြစ်တယ်။

သူ့အတွေးထဲမှာ ကျန်မိသားစုက အိမ်အကူတွေအများကြီး သုံးထားတယ်။ ဒါပေမဲ့ ရှန်မိသားစုလို မိသားစုကြီးမှာတော့ အရမ်းတိတ်ဆိတ်လို့နေတယ်။ တံခါးကနေဝင်လိုက်ပြီးနောက် မြင်တွေ့လိုက်ရတာက ခမ်းနားထည်ဝါလွန်းလှတဲ့ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေ အစီအရီနဲ့ အေးမြလှတဲ့စကျင်ကျောက်တွေကပ်ထားပြီး သားရေဆိုဖာအပြည့်နဲ့ဧည့်ခန်းမျိုးမဟုတ်ဘဲ နွေးထွေးမှုအပြည့်နဲ့အိမ်ခန်းမျိုးဖြစ်တယ်။ အိမ်ထဲမှာအနွေးဓာတ်အရောင်ကို အဓိကသုံးစွဲထားပြီးတော့ သစ်သားနဲ့ပြုလုပ်ထားတဲ့ စားပွဲတွေထိုင်ခုံတွေကိုပဲ အဓိကသုံးလေတယ်။ နံရံပေါ်မှာလည်း handmadeငှက်မွှေးအလှဆင်ထားတာလေးတွေရှိပြီး ပစ္စည်းထားတဲ့စင်လေးတွေလည်းရှိသေးတယ်။ စင်ပေါ်မှာပုလင်းအချို့နဲ့ ပန်းစည်းလေးတွေတင်ထားတာတွေ့ရတယ်။

ဘယ်ဘက်အစွန်ဆုံးနံရံမှာ အလွန်ရယ်စရာကောင်းတဲ့ ကောက်ကွေ့နေအောင်ရေးဆွဲထားတဲ့ ပုံကိုလည်းချိတ်ဆွဲထားသေးတယ်။ ပြီးတော့certificate အချို့လည်းရှိသေးတယ်။ သစ်သားဗီရိုထဲမှာတော့ handmadeပစ္စည်းအချို့ ထည့်ထားတယ်။ ဆိုဖာကတော့အဖြူရောင်ဖြစ်ကာ သားရေနဲ့ချုပ်လုပ်ထားတာဖြစ်တယ်။ ပြီးတော့အပေါ်မှာလည်း သားမွှေးအခင်းတစ်ခုကို ခင်းထားတယ်။ အခင်းရဲ့ဘေးမှာတော့ တစ်ဝက်ပဲထိုးရသေးတဲ့ အနွေးဦးထုပ်နဲ့လက်အိတ်တို့ရှိတယ်။ လက်ဖက်ရည်စားပွဲပေါ်မှာတော့ သစ်သီးဗန်းနှစ်ခုရှိပြီး တစ်ဝက်လောက်ထိဖတ်ထားပြီးတဲ့ ဖတ်လက်စစာအုပ်လည်းရှိလေတယ်။

ဒီအိမ်မှာက ရှင်သန်မှုအ‌ငွေ့အသက်တွေရှိနေတယ်။ ပြီးတော့ အမည်မသိတဲ့... နွေးထွေးမှုတစ်ခုရောပေါ့။

ရှန်ရှင်းချန်ကဘေးကနေ အသံတိုးတိုးနဲ့‌ပြောလာတယ် "ငါ့အမေကhandmadeလုပ်ရတာ အကြိုက်ဆုံးလေး မင်းမျက်စိနောက်‌နေပြီလား"

ကျန်ရှင်းဆွေ့ခေါင်းခါလိုက်ပြီးတော့ "မနောက်ပါဘူ မနောက်ပါဘူး"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now