Chapter - 50

15K 2.3K 389
                                    

Unicode

ပေါင်ပေ့ နှလုံးခုန်နေတာ အရမ်းမြန်တာပဲ
______________________________________

ဖုန်းထဲကနေ သတင်းထွက်လာချိန်မှာ အားလုံးရဲ့တုံ့ပြန်မှုတွေက သေချာပေါက် မတူညီကြဘူး။ ဒါပေမဲ့ လူအများစုရဲ့ တုံ့ပြန်မှုကတော့ တူညီနေလေတယ် :

"ငါ့အထင် ဖုကောတို့အဖွဲ့မှာ မစ်ရှင်ကတ်တွေ ဘယ်လောက်မှမရှိလောက်ဘူး"

"ဒီလိုလည်း နိုင်နိုင်သေးတာလား?"

"ဒါကသေခါနီးမှ တစ်ဖန်ပြန်သတ်သွားတာပဲဟ"

ရှန်းရှင်းချန်တစ်ယောက်ပဲ ဒီကိစ္စကိုနေသားကျနေတာဖြစ်တယ်။ သူသက်ပြင်းတစ်ချက်ချလိုက်ပြီး ဘေးကနင်ဇယ့်ပုခုံးကို ပုတ်လိုက်ရင်း "ထိတ်လန့်မသွားနဲ့ဦး ဒါက အရမ်းသာမာန်ဆန်တဲ့ကိစ္စ ဖြစ်နေပြီ ဘာလို့လဲဆိုတော့ သူကဖုကျင်းရှောင်းမလို့လေ"

ဖုကျင်းရှောင်းက ရှုံးမှာမဟုတ်ဘူး။

ဒါကအားလုံးနားလည်ထားကြတဲ့ အသိပဲ။

မစ်ရှင်ပြီးဆုံးသွားပြီးနောက် ဖုကျင်းရှောင်းနဲ့ရှန်ရှင်းဆွေ့တို့ရဲ့ အံ့အားသင့်စရာလုပ်ရပ်က hot searchပေါ်တက်သွားပြီး အင်တာနက်သုံးစွဲသူတွေကြား အပြင်းအထန်ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတော့တယ် :

#ဖုကျင်းရှောင်းရဲ့ ကြီးငယ်မရွေးလူတွေကြားရေပန်းစားမှု#

#ခြေထောက်မကောင်းတဲ့ရုပ်ရှင်ဧကရာဇ်ဖု#

#ဖုကျင်းရှောင်းရှန်ရှင်းဆွေ့#

ဒါက ကားပေါ်မှာထိုင်နေရင်း hot searchကိုတွေ့လိုက်တဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။ ရှန်ရှင်းဆွေ့ အကြိမ်ကြိမ်အခါခါကြည့်တယ်။ အပြန်ပြန်အလှန်လှန်ကြည့်တယ်။ ဘယ်နှခါပဲကြည့်ကြည့် ငြီးငွေ့တယ်လို့မခံစားရစေဘူး။

ဖုကျင်းရှောင်း အနားကပ်လာပြီး "မင်းဘာတွေကြည့်နေတာလဲ?"

ရှန်ရှင်းဆွေ့ ရိုးရိုးသားသားဖြေလိုက်ပြီး ဖုန်းစခရင်ကိုပြလိုက်တယ် "ကျွန်တော်တို့hot searchပေါ် တက်သွားတာကို ကြည့်နေတာ"

"ဒါကပုံမှန်ပဲမဟုတ်လား" ဖုကျင်းရှောင်း ပျင်းရိစွာနဲ့တစ်ချက်ကြည့်လိုက်ပြီး "ကိုယ်က မင်းစောနကဖုန်းကြည့်ပြီး ဘာတွေကြက်သေသေနေတာလဲလို့ မေးတာ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now