Chapter - 87.1

7.8K 1.2K 59
                                    

Unicode

အန်းရန်ဆုံးဖြတ်ခဲ့တဲ့ပူးပေါင်းကြံစည်မှု
___________________________________

ကားအတွင်းလေထုက တိတ်ဆိတ်နေလေတယ်။

ဒီအချိန်တစ်ခဏလေးက အကြာကြီး အကြာကြီး ဖြစ်နေသယောင် ခံစားရလေတယ်။ ရှန်ရှင်းဆွေ့က တိတ်ဆိတ်လျက်သားဖြစ်တယ်။ ဒါပေမဲ့ သူ့အတွင်းစိတ်ကတော့ ငြိမ်သက်မနေနိုင်ခဲ့ဘူး။ ဖိနှိပ်ခံထားရပြီး ငြိမ်သက်နေတဲ့ ရေအိုင်ကြီးက ရုတ်တရက် ရေမှုန်တွေထလာသလိုမျိုးဖြစ်တယ်။ အဲဒီရေမှုန်တွေက ပေသောင်းကျော်မြင့်မားတဲ့ ရေလှိုင်းကြီးတွေကို ဖန်တီးစေခဲ့တယ်။

ရှန်ရှင်းဆွေ့ ဖုကျင်းရှောင်းရဲ့မျက်လုံးကိုကြည့်လိုက်တယ်။ ကားအတွင်းမှာ မီးဝါဝါဖြာကျနေပြီး အမျိုးသားရဲ့မျက်နှာက တည်ငြိမ်လှတယ်။ စနောက်နေတာနဲ့ မတူလေဘူး။ အဲဒီချောမောတဲ့မျက်နှာပေါ်မှာ စည်းကမ်းမဲ့မှုတွေ ကွယ်ပျောက်နေပြီး သူ့ကိုလောနေတာမျိုးလည်း မရှိလေဘူး။ သူကတိတ်တဆိတ်နဲ့ အဖြေကိုစောင့်နေပေးတာဖြစ်တယ်။

ရှန်ရှင်းဆွေ့ စိတ်ထဲစိုးရိမ်နေမိကာ အတူတူအဆွဲခံထားရသလိုမျိုး ဖြစ်နေလေတယ်။

"ဘာလို့လဲ......" ရှန်ရှင်းဆွေ့ ညင်သာစွာမေးလိုက်တယ်။ သူအရင်တစ်ခေါက်ကနဲ့ တူညီတဲ့မေးခွန်းကိုပဲ ထပ်မေးလိုက်တယ် "ကျွန်တော်နဲ့ တရားဝင်ဖွင့်ပြောပြီးနောက် ဖြစ်လာမဲ့ နောက်ဆက်တွဲကို ကောစဥ်းစားပြီးပြီလား အလုပ်အကိုင်နဲ့ တိုးတက်မှုအပေါ်မှာ သက်ရောက်မှာရှိလာနိုင်တယ်လေ"

ဖုကျင်းရှောင်း မျက်ခုံးပင့်လိုက်တယ် "ဘာသက်ရောက်မှုလဲ?"

ရှန်ရှင်းဆွေ့ ဒီအချိန်မှာပြောလို့မကောင်းတာကြောင့် သိပ်မရှင်းလင်းတဲ့အဖြေကိုပဲ ပြန်ပေးလိုက်တယ် "အဘက်ဘက်ကနေပေါ့......"

ကားအတွင်း တိတ်ဆိတ်မှု လွှမ်းခြုံသွားလေတယ်။

တစ်ခဏကြာတော့

ဖုကျင်းရှောင်း ခပ်ဖွဖွရယ်လိုက်တယ်။ ရှန်ရှင်းဆွေ့ ခေါင်းမော့ကြည့်လိုက်တော့ အမျိုးသားရဲ့ ကျီစားမှုအနည်းငယ်ပါဝင်နေတဲ့ မျက်လုံးတွေနဲ့ဆုံလိုက်မိတယ်။ သူကမနှေးမမြန်နဲ့ ပြောလာတယ်။ အသံကခပ်နိမ့်နိမ့်ဖြစ်ကာ ကျက်သရေရှိလာတယ်။ ခပ်ဖြည်းဖြည်းနဲ့ တစ်ချက်ခေါ်လိုက်တယ် "ရှန်လောင်ရှီး"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now