Chapter - 100

6.8K 1.2K 123
                                    

Unicode

နောက်ကျရင် လောင်ရှီးတို့ကို သေချာလေး ကျေးဇူးပြန်ဆပ်ပါ့မယ်
____________________________

အဲဒီတဲလေးထဲမှာ တစ်ခဏတာ တိတ်ဆိတ်သွားလေတယ်။

လူနှစ်ယောက်လုံး ရှန်ရှင်းဆွေ့ကိုကြည့်နေကြကာ သဏ္ဌာန်မဲ့ဖိအားတစ်မျိုး သက်ရောက်နေစေလေတယ်။ ကျန်းစန်းစန်းရဲ့အကြည့်တွေကြောင့် ရှန်ရှင်းဆွေ့ ရှက်ရွံ့နေရတယ်။ ဒါပေမဲ့လည်း ဒါရိုက်တာက တကယ်စိတ်ရင်းနဲ့ဖြစ်ကာ တခြားသူရဲ့စိတ်ကောင်းစေတနာကို ငြင်းဆိုလိုက်ရင်မကောင်းဘူးလေ။

ရှန်ရှင်းဆွေ့ ချောင်းဖွဖွဆိုးလိုက်ကာ ပြန်ဖြေလိုက်တယ် "ရှိဖူးတယ်"

ကျန်းစန်းစန်း ဒါကိုကြားတော့ စူးစမ်းစွာနဲ့ ကြည့်လာလေတယ်။

ဖုကျင်းရှောင်းလည်း သူ့ကိုစောင်းငဲ့ကြည့်လာတယ်။ တကယ်တော့ ရုပ်ရှင်ဧကရာဇ်ဖုက ဘယ်တုန်းကမှ တခြားသူတွေရဲ့ အတိတ်ကကိစ္စတွေကို မစူးစမ်းခဲ့ဖူးဘူး။ ဒီစျေးကွက်ထဲက အတင်းအဖျင်းတွေကိုလည်း စိတ်မဝင်စားဘူး။ ဒါပေမဲ့ သူ့အချစ်လေးအပေါ်မှာတော့ အလွန်စိတ်ဝင်စားလေတယ်။

ရှန်ရှင်းဆွေ့ ဒီလူနှစ်ယောက်ရဲ့ အကြည့်တွေအောက်မှာ ချောင်းဆိုးလိုက်မိတော့တယ် "ဒါပေမဲ့ အဲ့တာတွေအားလုံးက ပြီးခဲ့ပြီးသားကိစ္စတွေပါပဲ"

"အရင်ကသဘောကျခဲ့ဖူးတယ် တကယ်ကို အဲဒီလိုခံစားချက်မျိုးပဲ" ရှန်ရှင်းဆွေ့ ဇာတ်ညွှန်းစာအုပ်ကို ကိုင်ထားရင်း ခေါင်းကိုငုံ့ထားလိုက်မိတယ် "အခုတော့မရှိတော့ပါဘူး"

ကျန်းစန်းစန်းလည်း နားလည်ကြောင်း ဖော်ပြလာတယ်။ ဘေးနားက ရုပ်ရှင်ဧကရာဇ်ဖုရဲ့ နှုတ်ခမ်းလေးမဲ့ကျလာပြီး မျက်လုံးအကြည့်တွေလည်း နက်မှောင်ကုန်တာကိုပဲ သူသထိမထားမိလိုက်တာဖြစ်တယ်။

ကျန်းစန်းစန်း ပြောလိုက်တယ် "ဒါဆိုရတာပဲလေ ဆွေ့ဆွေ့ အဲဒီလိုခံစားချက်မျိုးကို မင်းပြန်တွေးကြည့်ပေါ့ ခဏနေရင် ငါတို့ရိုက်ကြမယ်"

ရှန်ရှင်းဆွေ့ ခေါင်းညိတ်လိုက်တယ်။

ဒါရိုက်တာထွက်သွားတော့ သူတို့နှစ်ယောက်ပဲ တဲလေးထဲမှာ ကျန်ခဲ့တော့လေတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now