Chapter - 33

11.9K 1.9K 125
                                    

Unicode

၁၀သိန်းထပ်တောင်ပိုအရေးပါသေးတယ်
_______________________________________

ရက်အနည်းငယ်ကြာပြီးနောက်

အားလုံးသောအစီအစဥ်တွေ ပြင်ဆင်လို့ပြီးသွားပြီးတော့ ဒုတိယပိုင်းရိုက်ကူးဖို့ကလည်း စတင်တော့မှာဖြစ်တယ်။

ကျန်ရှင်းဆွေ့တို့အဖွဲ့ကလည်း အဝတ်လဲခန်းဘက်မှာ အဝတ်တွေလည်းလဲလို့ပြီးသွားလေပြီ။ နောက်ဆုံးစင်နောက်သွားပြီး စင်ပေါ်တက်ဖို့စောင့်နေတော့တယ်။ ဒီတစ်ခေါက်ဒုတိယပြိုင်ပွဲရဲ့ တစ်ခုတည်းသောဖန်တီးရေးအဖွဲ့အဖြစ် လုပ်ရတာက သူတို့အပေါ်ဂရုစိုက်နေမှုတွေကလည်း မနည်းလှလေဘူး။ ဒီတစ်ခေါက်သူတို့ရင်ဆိုင်ရမှာက ရှန်ရှင်းချန်တို့အဖွဲ့နဲ့ဖြစ်တယ်။ တကယ်တော့အရမ်းကို သန်မာတဲ့အဖွဲ့ပေါ့။

ရှန်ရှင်းချန်ကအစကတည်းက အကတော်လေတယ်။ သူ့ရဲ့ပုံစံကလည်း hotဖြစ်ပြီးအရိုင်းဆန်တဲ့ဘက် ရောက်လေတယ်။ အဲ့တာကြောင့် ဖျော်ဖြေတဲ့အချိန်တွေမှာ နေရာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လေ့ရှိတယ်။ ဒီတစ်ခေါက်မှာတော့ သခင်လေးကပုံစံတစ်မျိုးပြောင်းလိုက်လေတယ်။ အေးစက်စက်နဲ့coolဖြစ်တဲ့ အမဲရောင်ဂျက်ကပ်ကိုစွန့်လွှတ်လိုက်ပြီး မင်းသားတစ်ပါးလိုမျိုး အဖြူရောင်မြင်းစီးအင်္ကျီဝတ်ဆင်ထားတယ်။ လူတစ်ယောက်လုံးရဲ့ အငွေ့အသက်တွေက ပြောင်းလဲကုန်တော့တယ်။ မာနကြီးပဲ မြင့်မြတ်တဲ့ခံစားချက်မျိုးရလေတယ်။ စင်အောက်ကပရိသတ်တွေကို နားတွေပေါက်ကွဲတော့မတတ် အော်ဟစ်လာစေတော့တယ်။

ကျိုးရွှင်က သက်ပြင်းချကာ "ဒီကောင်လေးကတစ်ခုခုတော့တစ်ခုခုပဲ"

လီရွှိအန်းက လေးလေးနက်နက်ကြည့်နေပြီး "ငါတို့ဒီတစ်ခေါက်ပြိုင်ဘက်က အရမ်းသန်မာတယ်"

ဘေးမှာထိုင်နေတဲ့ကျန်ရှင်းဆွေ့က နှုတ်ခမ်းကိုပါးပါးတွန့်ချိုးလိုက်ပြီး ချောင်းဆိုးချင်တာကိုထိန်းချုပ်ထားရတယ်။

အန်းရန်က စိတ်ပူနေပုံနဲ့ပြောတယ် "ဆွေ့ဆွေ့ မင်းအဆင်ပြေတယ်မလား မင်းဒီနှစ်ရက်မှာသိပ်နေမကောင်းသလိုပဲ နေလို့မကောင်းရင်ရိုက်ကူးရေးအဖွဲ့ကို ပြောလိုက်ပါလား တကယ်လို့ရိုက်ကူးနေတုန်း တစ်ခုခုဖြစ်သွားရင် မကောင်းဘူးလေ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now