Chapter - 44.1

13.8K 2.2K 121
                                    

Unicode

သွေးသားတော်စပ်မှုအသိအမှတ်ပြုခြင်း
_____________________________________

ဒီနေ့က အင်တာနက်ပေါ်မှာ ပွဲတော်နေ့လို့တောင်ပြောလို့ရတယ်။

ကျန်းရှောင့်ယန် ဒီပုံပြင်တစ်ခုလုံးကို ပြောပြပြီးတဲ့နောက် live roomက မတရားကျော်ကြားလာပြီး သူတို့ခြံဝန်းနားမှာ လူတွေစုဝေးလာကြတော့တယ်။ သူတို့တွေရဲ့ထွက်ပေါ်လာမှုက အန်းရန်ကိုနိုးနိုးကြားကြားဖြစ်သွားစေခဲ့တယ်။ ဒီနေ့က သူ့ရဲ့ကိုယ်ပိုင်ခရီးစဥ်ဖြစ်တာကြောင့် သူကလည်း သူ့ကိုယ်ပိုင်ဖုန်းပဲယူလာခဲ့တာဖြစ်တယ်။ သူ့မှာအကျင့်တစ်ခုရှိတာက ကိုယ်ပိုင်ခရီးစဥ်တွေ သွားနေတုန်းမှာ ဖုန်းအသံပိတ်ထားတတ်တာပဲ။

မထင်မှတ်ထားတာက တစ်နေ့မှာသူ့အကျင့်ကြောင့် ဆိုးဆိုးရွားရွားထိခိုက်လိမ့်မယ်လို့ပဲပေါ့။

ဖုန်းစခရင်ဖွင့်ကြည့်လိုက်တော့ ၁၀ခါမကဝင်ထားတဲ့ ဖုန်းကောတွေကိုတွေ့လိုက်ရတယ်။ Wechatမှာလည်း မက်ဆေ့တွေအများအပြားရောက်နေတယ်။ သူဖွင့်လိုက်တော့ ပထမဆုံးမြင်လိုက်ရတာက အေးဂျင့်ဆီကစာတွေပဲဖြစ်တယ် :

"မြန်မြန်ပါးစပ်ပိတ်ပြီး စကားမပြောနဲ့တော့!"

"တိုက်အပေါ်ထပ်မှာ ခိုးရိုက်နေတဲ့သူရှိတယ်!"

"မင်းခေါင်းအလဲခံလိုက်ရတာလား!!"

တစ်ယောက်ယောက်က ခိုးရိုက်နေတယ်ဆိုတာ အန်းရန်သိလိုက်ရချိန် သူ့စိတ်ထဲတုန်လှုပ်သွားရတယ်။ မျက်လုံးတွေနက်မှောင်သွားကာ လူတစ်ကိုယ်လုံး မတ်တပ်မရပ်နိုင်လောက်အောင် ဖြစ်သွားရတော့တယ်။ အေးဂျင့်အပြင် သူ့ကိုမက်ဆေ့ပို့ထားတဲ့ တခြားသူတွေလည်း ရှိသေးတယ်။ ကျန်မိသားစုကလည်း သူ့ကိုပို့ထားသေးလေတယ်။ အများဆုံးပို့ထားတဲ့ ပထမတစ်ယောက်ကတော့ သေချာပေါက်ကျန်ကျစ်ပဲဖြစ်တယ် "ဘယ်လိုဖြစ်တာလဲ? မင်းပြောတဲ့စကားတွေက ဘာအဓိပ္ပာယ်လဲ?"

ဒုတိယတစ်ယောက်ကတော့ ကျန်ခေါ့ဖြစ်တယ်။

ကျန်ခေါ့ပို့ထားတာကတော့ အမေးသဘောပါလေတယ် "ရန်ရန် မင်းကျန်းမိသားစုနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီလို့ ပြောထားတာမဟုတ်ဘူးလား ဘယ်လိုလုပ်ပြီးသူတို့ကို ပါး၊မားနဲ့ ခေါ်နေသေးတာတုန်း?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now