Chapter - 101

6.9K 1.2K 43
                                    

Unicode

အချစ်ရေးကို တရားဝင်ချပြလိုက်တဲ့ နောက်ဆက်တွဲရလဒ်
______________________________

နှစ်ဝက်ကြာပြီးနောက်

ရှန်ရှင်းဆွေ့ အသံသွင်းစတူဒီယိုထဲကနေ ထွက်လာချိန် ရာသီဥတုတောင် အတော်လေးအေးနေလေပြီ။

သူဂွမ်းကပ်အင်္ကျီဝတ်ကာ တိုက်အောက်မှာရပ်နေလေတယ်။ အေးစက်လှတဲ့လေတွေက ခန်းမကိုကျော်ဖြတ်ပြီး တိုက်ခတ်လာကြတယ်။ အေးစက်မှုကြောင့် လူတစ်ကိုယ်လုံးတောင် တုန်ယင်နေလောက်အောင်ပဲ။ သူသက်ပြင်းတစ်ချက် ချလိုက်မိတယ်။ အဲဒီရေခိုးရေငွေ့တွေက လေထုထဲမှာ ပျံ့ကျဲပျောက်ကွယ်ကာ ရေငွေ့အဖြစ်သာကျန်ရှိခဲ့လေတယ်။

စန့်စန့်က အနောက်ကနေ ရောက်လာပြီး ပြောလာတယ် "နောက်ရက်နည်းနည်းလောက်နေရင် နှင်းကျလောက်တယ်"

"ဒီနှစ်ကုန်သွားတာ အရမ်းမြန်တာပဲ" ရှန်ရှင်းဆွေ့ ပြုံးရယ်ကာ ပြောလိုက်တယ် "ပြီးခဲ့တဲ့နှစ် နှစ်သစ်ကူးအချိန်က မျက်စိရှေ့တင် ရှိနေသေးသလိုပဲ"

စန့်စန့်လည်း ခေါင်းညိတ်လေတယ်။

ပြီးခဲ့တဲ့နှစ် နှစ်သစ်ကူးအချိန်တုန်းက ရှန်ရှင်းဆွေ့ 'StarLight'ရိုက်ကူးနေဆဲဖြစ်တယ်။ အဲဒီအချိန်တုန်းက အန်းရန်နဲ့ကျန်ကျစ်လည်း အနုပညာလောကထဲက မထွက်ကြသေးဘူး။ ရှန်ရှင်းဆွေ့နဲ့ ဖုကျင်းရှောင်းရဲ့ဆက်ဆံရေးကလည်း ဒီလောက်မကောင်းသေးဘူး။ ဒီတစ်နှစ်ကုန်ဆုံးသွားတာက ဘာမှမပြောင်းလဲသွားသယောင်ရှိသလို၊ ကိစ္စတွေတော်တော်များများ ပြောင်းလဲသွားသယောင်လည်း ထင်ရတယ်။

စန့်စန့်က တိုးတိုးပြောလာတယ် "နေ့ရက်တွေက ကုန်ဆုံးလေ ပိုကောင်းလေဖြစ်လာမှာပါ"

ရှန်ရှင်းဆွေ့ ကားထဲဝင်ထိုင်လိုက်တယ် "အဲဒီလိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်"

"ဒီတစ်နှစ်လုံး ဘယ်လောက်မှ မနားခဲ့ရဘူး။ ဒါပေမဲ့ နှစ်သစ်ကူးအချိန်မှာလည်း ရုပ်ရှင်က ထုတ်လွှင့်တော့မှာ။ မနားရဘဲ ကြော်ငြာဖို့အတွက် နေရာတကာ ပတ်ပြေးနေရမှာစိုးတာပဲ" စန့်စန့်က သူတို့scheduleကိုကြည့်ကာ ပြောလာတယ် "ပင်ပန်းနေတော့မှာ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now