Chapter - 82

9.9K 1.6K 225
                                    

Unicode

ဖုကျင်းရှောင်းဖွင့်ပြောခြင်း
________________________

ရှန်ရှင်းဆွေ့ ဒီစကားကိုကြားတော့ လူတစ်ကိုယ်လုံး အားတွေဆုတ်ယုတ်သွားသလိုတောင် ခံစားလိုက်ရတယ်။

ကျန်းချီကတော့ သူဘာလို့ဒီလိုမျိုး တုံ့ပြန်ရသလဲဆိုတာကို ထူးဆန်းနေလေတယ်။ အနောက်ကနေအသံထွက်ပေါ်လာခဲ့တယ်။ ဖုကျင်းရှောင်းက လက်ရန်းကိုမှီထားရင်း ထိုင်ခုံပေါ်က ကျန်းချီကိုကြည့်နေခဲ့တယ်။ သူ့နှုတ်ခမ်းလေးကွေးတက်သွားပြီး ပြုံးတစ်ဝက်မပြုံးတစ်ဝက်နဲ့ ပြောလာတယ် "ကိုယ်တော့သိပ်ပြီးမယုံဘူး"

ကျန်းချီတစ်ကိုယ်လုံးအေးခဲသွားရတော့တယ်။

စောနကပဲ စိတ်အားထက်သန်စွာ ပြောဆိုနေတဲ့သူက ဒီအချိန် ဖုကျင်းရှောင်းရဲ့အသံကို ကြားလိုက်ပြီးမှာတော့ လူတစ်ကိုယ်လုံးမူလအတိုင်း တောင့်ခဲနေတော့တယ်။ နောက်ကိုတောင့်တောင့်ကြီး လှည့်ကြည့်လိုက်မိတော့ ဖုကျင်းရှောင်းရဲ့နက်မှောင်တဲ့မျက်ဝန်းတွေနဲ့ ဆုံတွေ့လိုက်ရတယ်။ အဲဒီမျက်နှာပေါ်မှာ ကြင်နာတဲ့အပြုံးဖွဖွ တပ်ဆင်ထားပေမဲ့ လူကိုအကြောင်းအရင်းမရှိစိတ်လှုပ်ရှားစေပြီး အန္တရာယ်ခံစားချက်တစ်မျိုးပေးနေလေတယ်။

ဖုကျင်းရှောင်း မနှေးမမြန်တဲ့ခြေလှမ်းတွေနဲ့ စားပွဲဘေးလျှောက်လာပြီး ထိုင်ခုံတစ်ခုံဆွဲထုတ်ကာ ထိုင်လိုက်တယ်။ ပျင်းရိရိပုံစံနဲ့ပဲ ကျန်းချီကိုတစ်ချက်ကြည့်လိုက်တယ်။ သူကအသံဖြည်းဖြည်းနဲ့ "ဒါမှမဟုတ် မင်းကိုယ့်ကိုအသေးစိတ်ရှင်းပြပေးမလား?"

ချွေးအေးတစ်စက်က ကျန်းချီရဲ့မျက်နှာပေါ်ကနေ ကျဆင်းလာခဲ့တယ်။

ကျန်းချီစိတ်လှုပ်ရှားပြီး ဘယ်လိုအသက်ရှုရမလဲတောင်မသိတော့ဘူး။ သူ့ကိုသေအောင်ရိုက်လိုက်ရင်တောင် ဖုကျင်းရှောင်းဒီမှာရှိနေလိမ့်မယ်လို့ သူမစဥ်းစားမိနိုင်ဘူးလေ!

အဓိကအချက်က......

ကြားသွားတဲ့သူက ဘာကြောင့်သူဖြစ်နေရတာလဲ?

ကျန်းချီကအခုမှ နိုင်ငံခြားကပြန်လာကာစဖြစ်ပြီး အနုပညာလောကထဲ မကျင်လည်ဖူးဘူးဆိုပေမဲ့ ဒီရိုက်ကူးရေးကိုမလာခင် သူ့ရဲ့အေးဂျင့်က ထပ်ခါထပ်ခါသတိပေးလိုက်တယ်။ "ဒီရိုက်ကူးရေးမှာလေ လုံးဝမပြစ်ပြုလို့မရတဲ့ လုံးဝလျစ်လျူရှုထားလို့မရတဲ့သူက ဖုကျင်းရှောင်းပဲ ဒီနယ်ပယ်ထဲမှာ သူ့ကိုအပြစ်ပြုဖူးတဲ့သူတိုင်း ဘယ်သူမှအဆုံးသတ်ကောင်းမရှိကြဘူး"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now