Chapter - 83.2

9.5K 1.5K 102
                                    

Unicode

Liveအရံကောင့်ပေါ်ထွက်လာခြင်း
__________________________________

ဒီမျိုးနွယ်စုရွာလေးမှာ ဒီနေ့တစ်နေ့လုံး မိုးဖွဲဖွဲလေးကျနေခဲ့တယ်။ ညဘက်အချိန်ရောက်တော့ မိုးလည်းစဲသွားခဲ့တာကြောင့် သူတို့အားလုံး ရွာအလယ်ကိုသွားပြီး ကြည့်ဖို့လုပ်လိုက်ကြတယ်။ ရှန်ရှင်းဆွေ့ နည်းနည်းထူတဲ့ အင်္ကျီဝတ်ပြီး အပြင်ထွက်ခဲ့တဲ့အချိန် တံခါးဝမှာထီးကိုင်ထားတဲ့ ဖုကျင်းရှောင်းကိုတွေ့လိုက်ရတယ်။ အဲဒီလူက ရှည်လျားချောမောလှတယ်။ အုံ့ဆိုင်းနေတဲ့မြူတွေကြားမှာရပ်နေရင်း နွေးထွေးတဲ့အဝါရောင်အလင်းရောင်က သူ့အပေါ်ဖြန့်ကျက်နေတာက ဆေးရေးပန်းချီတစ်ချပ်နဲ့တောင် တူနေလေတယ်။

ရှန်ရှင်းဆွေ့ဒါကိုမြင်တော့ အံ့သြသွားရတယ်။

ဖုကျင်းရှောင်းဘက်ကစပြီး သူ့ဆီကိုခြေလှမ်းအနည်းငယ် လျှောက်လှမ်းလာခဲ့တယ်။ သူကအသံနိမ့်နိမ့်နဲ့ "မိုးရွာနေတာဆိုတော့ မင်းအခန်းထဲမှာပဲ နေရင်နေခဲ့လိုက်လေ ကိုယ်သွားကြည့်ပြီးပြန်လာရင် မင်းကိုပြန်ပြောပြမယ်"

ရှန်ရှင်းဆွေ့ ခေါင်းခါလိုက်တယ် "အတူတူပဲသွားတာပေါ့ တစ်ယောက်တည်းသွားရင်မလုံခြုံဘူး"

ဖုကျင်းရှောင်း ပြုံးကာပြောလိုက်တယ် "ဒီလောက်ကင်မရာမန်းတွေ အများကြီးလိုက်နေတာ ဘာမလုံခြုံစရာရှိလို့လဲ"

ရှန်ရှင်းဆွေ့ နည်းနည်းရှက်သွားရတယ်။ ဒါပေမဲ့ ဖုကျင်းရှောင်းကတော့ သူ့ရဲ့အတွေးလေးကို မဖျက်ဆီးခဲ့ပါဘူး။ ခဏလောက်ကြာပြီး ရှန်ရှင်းချန်ရောက်လာတာနဲ့ သူတို့စထွက်ခဲ့ကြတော့တယ်။ သူတို့သုံးယောက်က ရွာငယ်လေးရဲ့မိုးရွာညထဲမှာ ခပ်ဖြည်းဖြည်းရှေ့ဆက်နေကြတယ်။

မိနစ်၂၀လောက်သွားလိုက်ပြီးနောက် နောက်ဆုံးတော့ ရွာလယ်ကိုရောက်လာခဲ့ပြီဖြစ်တယ်။

သူတို့ကို စိတ်ပျက်မသွားစေခဲ့ဘူး။ အဲဒီနေရာမှာ ထီးကိုင်ထားတဲ့ကလေးနှစ်ယောက် မတ်တပ်ရပ်နေလေတယ်။ သူတို့က လူစောင့်နေပုံရတယ်။ သူတို့အုပ်စုအနားရောက်သွားတော့ ရိုးရာဝတ်စုံဝတ်ထားတဲ့ကလေးနှစ်ယောက်က ဦးညွှတ်ကာပြောလာတယ် "သမီးတို့က နတ်သမီးဖုန်းရဲ့အမိန့်အရ သူရဲကောင်းတို့ကို တံဆိပ်ခပ်ထားတဲ့ရတနာအတွက် လာကူညီပေးတာပါ ဒီနေ့ဒီနေရာမှာ တွေ့ဆုံရတာက ရေစက်ပါပဲ ဒီမှာကလျှို့ဝှက်တောအုပ်ရဲ့မြေပုံပါ လက်ခံပေးပါဦး"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now