Chapter - 25.2

11.7K 2.1K 234
                                    

Unicode

ရုပ်ရှင်ဧကရာဇ်ရိုက်ကူးရေးအဖွဲ့ကိုသွားရှာပြီ
_________________________________________

လေထုထဲတစ်ခဏလောက် တိတ်ဆိတ်သွားတယ်။

ဖုကျင်းရှောင်းရဲ့နက်မှောင်တဲ့မျက်လုံးတွေက ကျန်ရှင်းဆွေ့ကိုကြည့်နေတယ်။ မျက်လုံးထဲကရှုပ်ထွေးနေတဲ့လှိုင်းတွေက လူတွေကိုတိုက်ရိုက်မကြည့်ရဲအောင် ဖြစ်နေစေတယ်။

ပြီးတော့ သူအေးစက်စက်နဲ့တစ်ချက်ရယ်လိုက်တယ်။

ကျန်ရှင်းဆွေ့ရှေ့မှာအမြဲပြုံးနေတတ်တဲ့သူက ဒီအချိန်မှာတော့ ရေခဲတောင်ကြီးရဲ့အမှောင်ဘက်ခြမ်းကို ထုတ်ဖော်ပြလိုက်တယ်။ ဖုကျင်းရှောင်းက လက်ကိုဆန့်ထုတ်လိုက်ပြီးတော့ ကျန်ရှင်းဆွေ့ရဲ့မျက်နှာကို အားအနည်းငယ်သုံးကာ ဆွဲညှစ်လိုက်တယ်။

ကျန်ရှင်းဆွေ့ကချက်ချင်းပဲ "ဟင်"ခနဲအသံထွက်လာပြီး လွတ်အောင်နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်။ သူကတိုးတိုးနဲ့ "နာတယ်"

ဖုကျင်းရှောင်းမျက်ခုံးပင့်လိုက်တယ် "မင်းနာရမှန်းသိသေးတယ်ပေါ့ ကိုယ်ကမင်းနာရကောင်းမှန်းမသိဘူးထင်နေတာ"

အသဲနှလုံးမရှိတဲ့ ကောင်စုတ်လေး။

ငါကတော့အဲ့မှာနေ့တစ်ဝက်လောက် စိတ်ဆိုးနေရတာ။ မင်းကတော့ဒီမှာ ပေါက်ကရတွေပြောနေတယ်။

ကျန်ရှင်းဆွေ့သူ့မျက်လုံးထဲမှာ မြူခိုးအနည်းငယ်နဲ့ခေါင်းမော့ပြီး သူ့ကိုကြည့်လိုက်တယ်။ မျက်နှာအညှစ်ခံလိုက်ရလို့ပဲလား။ ဒါမှမဟုတ် ဒီတစ်ခေါက်ရိုက်ကူးရေးအဖွဲ့ရဲ့ကိစ္စကြောင့်မလို့လား မသိဘူး။ သူမှားနေတယ်လို့ခံစားရပြီး စကားပြောမလာလေဘူး။

ဖုကျင်းရှောင်းကကိုယ်ကိုငုံ့လိုက်ကာ သူ့လေသံကမသိလိုက်ပါသာနဲ့ အများကြီးပိုနူးညံ့သွားတယ် "တကယ်အဲ့လောက်နာတာလား? ကိုယ်အရမ်းလည်းအားမသုံးထားပါဘူး"

ကျန်ရှင်းဆွေ့ခေါင်းခါကာ "မဟုတ်ပါဘူး မနာပါဘူး"

သူ့စိတ်ခံစားချက်ကိုပြဖို့ အခွင့်အရေးယူလိုက်လို့ရပေမဲ့ သူကအရမ်းလိမ္မာလွန်းတယ်။ ဖုကျင်းရှောင်းမျက်စိရှေ့ကသူကိုကြည့်ပြီးတော့ စိတ်ထဲမှာသက်ပြင်းချလိုက်မိတယ်။ သူက "ကလေးလေး မင်းကမောက်မာတာပဲ အဲ့တာကကိုယ်မင်းကိုချီးကျုးတာလေ မင်းကဒီတိုင်းပဲသူများကိုဘယ်လိုလုပ် ပေးလိုက်နိုင်ရတာလဲ အဲ့လောက်တောင်ကိုယ့်ကို မျက်လုံးထဲမထည့်ထားဘူးလား?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now