Chapter - 30.1

11.6K 1.9K 149
                                    

Unicode

ကျန်ရှင်းဆွေ့ကိုဂုဏ်ပြုပါတယ်
_____________________________

ဒီနေ့ကျန်ရှင်းဆွေ့အတွက်တော့ မှော်ဆန်တဲ့နေ့တစ်နေ့လို့ ပြောလို့ရတယ်။

ဘာလို့လဲဆိုတော့ ရုပ်ရှင်ဧကရာဇ်က သူ့ကိုWechatအပ်မလားလို့ မေးလာခဲ့တယ်။ ပြီးတော့သူကိုယ်တိုင်တောင် Wechatနံပါတ်လိုမျိုးဟာကို ရေးပေးလိုက်သေးတယ်။ ဖြစ်စဥ်တစ်ခုလုံးမှာ ကျန်ရှင်းဆွေ့ကကြောင်အနေခဲ့ပြီး အိမ်မက်တစ်ခုလိုခံစားနေရတယ်။

သူထိုင်ခုံပေါ်ပြန်ရောက်သွားတဲ့အချိန်မှာ ရှန်ရှင်းချန်က အကြင်နာမဲ့စွာပဲ လှောင်ပြောင်နေသေးတယ် "မင်းတစ်ခါမှWechatအအပ်မခံရဖူးဘူးလား မင်းကတော့"

ကျန်ရှင်းဆွေ့ဒေါသထွက်စွာနဲ့ သူ့ကိုစိုက်ကြည့်လိုက်တယ်။

ရှန်ရှင်းချန်ကနောက်ဆုံးတော့ တစ်ချို့ကိုထိန်းသိမ်းလိုက်ပြီး အနားကပ်လာကာ ပြောလိုက်တယ် "ငါမင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်"

ကျန်ရှင်းဆွေ့က ပြောလာတယ် "ဘာလျှို့ဝှက်ချက်လဲ?"

"တကယ်လို့ဖုကောအပ်တာဆိုရင် အဲ့ဒီWechatကတခြားသူတွေဟာနဲ့ တူမှာမဟုတ်ဘူး" ရှန်ရှင်းချန်က တိုးနိမ့်နိမ့်အသံနဲ့ပြောလာတယ်။ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေသလိုမျိုး "အားလုံးအကုန်အပ်နိုင်တာက အလုပ်Wechat ပုံမှန်ဆိုလက်ထောက်နဲ့ ဝန်ထမ်းလေးက စီစဥ်တာ သူပုံမှန်ဆိုမကြည့်ဘူး ကြည့်ဖို့လည်းအချိန်မရှိဘူး ပြီးတော့မနက်ကနေ ညအထိ အလုပ်မလုပ်ဘဲ တစ်ယောက်နဲ့စကားပြောနေဖို့ ဘယ်မှာအချိန်ရှိမှာလဲ"

ကျန်ရှင်းဆွေ့ရဲ့နှလုံးသားက ထိန်းမရအောင်ခုန်သွားခဲ့ရပြီး တုံ့ဆိုင်းစွာမေးလာတယ် "မင်းအဲ့တာဘာအဓိပ္ပာယ်လဲ?"

"တကယ်လို့သူမင်းကိုအပ်တာဆိုရင် အဲ့တာကကိုယ်ပိုင်Wechatဖြစ်နိုင်တယ်" ရှန်ရှင်းချန်ရဲ့ဖြူကောင်လို့ဆံပင်လေးတွေက လှုပ်ခါနေပြီး သူကဒီသခင်လေးက အကုန်နားလည်တယ်ဆိုတဲ့ပုံနဲ့ "မင်းကတခြားသူတွေအပ်တဲ့ဟာနဲ့မတူဘူး နားလည်ပြီလား"

ကျန်ရှင်းဆွေ့မသိလိုက်ဘဲ အပြုံးတစ်ခုထွက်ပေါ်လာရပြီး "တကယ်လား?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now