Chapter - 56.3

12.7K 2.1K 277
                                    

Unicode

မားမား ကျွန်တော်ပါ
___________________

ဒုတိယနေ့

အားလုံးမနက်အစောကြီး ခြံဝန်းထဲမှာစုဝေးလိုက်ကြပြီး ဒါရိုက်တာအဖွဲ့က စတင်ကာမနေ့ကရလဒ်တွေတွက်လျက်ရှိတယ်။ နောက်ဆုံးဖုကျင်းရှောင်းနဲ့ ရှန်ရှင်းဆွေ့တို့လေးယောက်အဖွဲ့က တခြားအဖွဲ့ထက်ယွမ်၅၀၀သာနေတာကြောင့် အနိုင်ရသွားခဲ့တယ်။

ရိုက်ကူးရေးအဖွဲ့ကလူက passwordပါတဲ့သေတ္တာသုံးလုံးယူလာပေးကာ ပြောလာတယ် "မနေ့ကမစ်ရှင်ကို သတ်မှတ်ချိန်အတွင်းပြီးမြောက်ခဲ့ပြီး တားဂတ်ရောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဒီသေတ္တာသုံးလုံးထဲမှာထည့်ထားတာက လုပ်ကြံသူနဲ့မင်းတို့ရဲ့မစ်ရှင်သဲလွန်စတွေပါ အားလုံးသေတ္တာကိုဖွင့်လိုက်တာနဲ့ မစ်ရှင်ကတ်udkရယူနိုင်ပါတယ်"

ရှန်ရှင်းချန်သေတ္တာကိုလက်ခံယူလိုက်ပြီးနောက်မှာ "passwordကရော?"

ဒါရိုက်တာအဖွဲ့က စတင်ယုတ်မာလာပြီဖြစ်တယ် "passwordကတော့ မနေ့ကမင်းတို့မနက်စာစားချိန်တုန်းက စားပွဲပေါ်မှာထွက်ပေါ်လာတဲ့ အစားအသောက်အရေအတွက်ပဲ ဂဏန်းလေးလုံးရှိတယ် မင်းနဲ့မင်းအသင်းဖော်တွေရဲ့ဂဏန်းတွေအားလုံးပေါင်းလိုက်ရင် အဲ့တာpasswordနံပါတ်ပဲ"

? ? ?

ကြီးမားတဲ့question markကြီးသုံးခုက ခေါင်းပေါ်မှာအကြာကြီးရှိနေပြီး မကွယ်ပျောက်သေးသယောင် ဖြစ်နေတော့တယ်။ အားလုံးရဲ့မျက်ဝန်းတွေပြူးကျယ်လျက်ရှိပြီး မယုံကြည်နိုင်စွာနဲ့ရိုက်ကူးရေးအဖွဲ့ကိုကြည့်နေကြတယ်။

ရှန်ရှင်းချန် အချိန်အတော်ကြာ အသက်ရှူကြပ်သွားပြီး တစ်ခွန်းထုတ်မေးလာခဲ့တယ် "ဒါရိုက်တာ ကျွန်တော်တို့ကိုနောက်နေတာလားဟင်?"

Live roomထဲက အရေအတွက်တွေ ပိုတိုးများလာတော့တယ် :

"ဟားဟားဟားဟားဟားဟား!"

"ရိုက်ကူးရေးအဖွဲ့က ရုတ်တရက်ကြီး မနက်စာတွေကျွေးနေပါတယ်လို့ ဘာကိစ္စကောင်းမှမဟုတ်ဘူးဆိုတာသိသားပဲ"

"မစ်ရှင်ကတ်က ရလိုက်တာလိုလို မရလိုက်တာလိုလိုနဲ့"

အားလုံးကြောင်တောင်တောင်လေးတွေဖြစ်နေချိန်မှာပဲ ရှန်ရှင်းဆွေ့က တိတ်တဆိတ်ရှေ့တစ်လှမ်းတိုးလာပြီးတော့ "ကျွန်တော်မှတ်မိသလိုပဲ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now