Chapter - 54.1

12.1K 2K 274
                                    

Unicode

ဖုလောင်ရှီး သဝန်တိုနေပြီ
________________________

တစ်ဖက်မှာတော့ ဖုကျင်းရှောင်းရဲ့အခန်းထဲမှာ ရှန်ရှင်းဆွေ့က သူနဲ့အတူ မစ်ရှင်ကတ်ကြည့်လို့နေတယ်။

ဖုကျင်းရှောင်းက ဆိုဖာပေါ်မှာထိုင်နေလေတယ်။ အေးဂျင့်ပို့ပေးလာတဲ့ အချိန်ဇယားကိုကြည့်နေရင်း သူ့ဘေးကလူကိုပြောနေတယ် "ဒီနေ့ရဲ့သတိပေးချက်ကတ်ကို ဖွင့်ကြည့်လိုက်ပါဦး"

ရှန်ရှင်းဆွေ့ ခေါင်းညိတ်လိုက်တယ် "အင်း!"

သူတို့ဒီနေ့စားသောက်ဆိုင်မှာ သတိပေးချက်ကတ်တစ်ကတ်ရခဲ့ကြတယ်။ ရှန်ရှင်းဆွေ့ဂရုတစိုက်နဲ့ ကတ်ကိုဖွင့်လိုက်ပြီး စက္ကူဖြူပေါ်မှာ အမဲရောင်စာလုံးတွေနဲ့ ရေးထားတဲ့စာကြောင်းတွေကို တွေ့လိုက်ရတယ် [သခင်လေးသည် မွေးဖွားစဥ်ကတည်းက ချောမောသောရုပ်ရည်နှင့်မွေးဖွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိလူများက သူ၏ထူးခြားသောအသွင်အပြင်ကြောင့် ချီးမွမ်းခဲ့ကြ၏။]

.....

?

ရှန်ရှင်းဆွေ့စာထဲမှာ ရေးထားတဲ့အကြောင်းအရာကို ဖုကျင်းရှောင်းကိုဖတ်ပြနေရင်း တွေဝေစွာနဲ့ "ဒါကလုပ်ကြံသူနဲ့ပတ်သတ်တဲ့ ဖော်ပြချက်လား သူကသခင်လေး?"

ဖုကျင်းရှောင်း ဖုန်းကိုလက်ထဲကချလိုက်ပြီး ကတ်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ သူကဆီလျော်စွာ ခွဲခြမ်းစိတ်ဖြာလိုက်ရင်း "အဓိပ္ပာယ်နှစ်မျိုးရှိတယ် တစ်မျိုးက သူ့ရဲ့အခုလက်ရှိတကယ့်ဘဝမှာ သူ့အနေအထားကသခင်လေး နောက်တစ်မျိုးက လုပ်ကြံသူရဲ့နောက်ခံဇာတ်ကြောင်းထဲမှာ သူကသခင်လေး"

အကယ်၍ တကယ့်ဘဝမှာဆိုရင် သခင်လေးလို့ခေါ်လို့ရတဲ့ တကယ်ချမ်းသာတဲ့သခင်လေးတွေက ရှန်ရှင်းချန်နဲ့ဖုကျင်းရှောင်းပဲရှိတယ်။

ရှန်ရှင်းဆွေ့ အခုရှန်မိသားစုကိုပြန်ရောက်နေပြီဆိုပေမဲ့ ရိုက်ကူးရေးအဖွဲ့ကတော့ မသိကြသေးဘူး။ ပြီးတော့တခြားဧည့်သည်တွေလည်း မရှင်းလင်းကြသေးဘူး။ ဒါကြောင့် ဒီသတိပေးချက်ကတ် သူ့ကိုပစ်မှတ်ထားမဲ့ဖြစ်နိုင်ချေက အရမ်းနည်းလွန်းတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now