Chapter - 61.1

10.6K 2K 348
                                    

Unicode

ကျွန်တော်ကကျန်မိသားစုကကလေးမဟုတ်တော့ဘူး
________________________________________________
ဒီ'BrightStar'အစီအစဥ်ထုတ်လွှင့်တဲ့ရက်တွေထဲမှာ ဒါကစိတ်ဝင်စားစရာအကောင်းဆုံးနေ့ဖြစ်နိုင်တယ်။ အစကဒီနေ့ရဲ့hot searchက 'BrightStar'အလုပ်သိမ်းခြင်း ဖြစ်ရမှာဖြစ်တယ်။ ဒါပေမဲ့ဘယ်သူမှ မထင်ထားမိလိုက်တာက ဒါမှမဟုတ်တစ်မျိုးပြောရရင် ဘယ်သူမှစဥ်းတောင်စဥ်းစားမိမှာမဟုတ်တာက ဒီနေ့ရဲ့နောက်ဆုံးဂိမ်းက ကျော်ကြားတဲ့hot searchတစ်ခု ဖြစ်ပေါ်လာစေလိမ့်မယ်လို့ပဲ :

#ဖုကျင်းရှောင်း၏တစ်ဖက်သက်အချစ်ရှုံးနိမ့်ခြင်း#

နှစ်တွေအကြာကြီး အနုပညာနယ်ပယ်ထိပ်မှာရှိနေခဲ့တဲ့ဖုကျင်းရှောင်းမှာ အလွန်များပြားလှတဲ့ပရိသတ်တွေရှိပြီး အမှန်တကယ်စီးဆင်းမှုအားကောင်းလှတယ်။ နာရီဝက်ဆိုတဲ့အချိန်လေးအတွင်းမှာတင် ဒီhot searchက အလွန်ပေါက်ကွဲထွက်သွားပြီဖြစ်ကာ live roomထဲမှာတော့ ပိုလို့စည်ကားနေတာ့တယ်။

ထူရာက ရိုက်ကူးရေးအဖွဲ့ကိုမေးလာတယ် "ဒါရိုက်တာ နာမည်ကိုကြေညာပေးလို့ရလား?"

ဒါရိုက်တာက ဒီအချိန်ကျမှလူသားဆန်လာလေတယ် "မရပါဘူး အမည်မသိသူလို့ပြောထားပါတယ် ကျွန်တော်တို့က အားလုံးရဲ့privacyကို ကာကွယ်ပေးရပါမယ် ဘယ်သူလဲဆိုတဲ့မေးခွန်းကတော့ ကိုယ့်အမြင်နဲ့ကိုယ်ပဲမြင်ကြည့်ကြပါ ဒီနေရာမှာအများကြီးမပြောတော့ပါဘူး"

"......"

နားထောင်ပြီးတဲ့နောက် အားလုံးတိတ်ဆိတ်သွားကြတော့တယ်။

ဒါရိုက်တာကတကယ် ရက်စက်လွန်းတယ်။

ရိုက်ကူးရေးအဖွဲ့က မလုပ်ဖို့ရွေးချယ်လိုက်ပေမဲ့ လူတိုင်းကတော့ စတင်ခန့်မှန်းလာကြတယ်။ တကယ်တော့ ဒီဟာကလည်းအရမ်းခန့်မှန်းရလွယ်ကူလှတယ်။ သူတို့တွေရွေးချယ်တာခံထားရတဲ့သူက နည်းနည်းပဲရှိတာဖြစ်တယ်။ အဲဒီထဲကဖုကျင်းရှောင်းအချစ်ဆုံးကလေးကို ရွေးလိုက်ရင်မှန်ပြီလေ။

ထူရာနဲ့လီလောင်ရှီးတို့ရဲ့အကြည့်တွေက တစ်ခဏလေးအတွင်း ရှန်ရှင်းဆွေ့ဆီရောက်သွားကြတော့တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now