Chapter - 42.1

11.9K 1.8K 142
                                    

Unicode

ပြန်လည်ကလဲ့စားချေခြင်း
_________________________

ရက်အနည်းငယ်ကြာပြီးနောက်

Debut nightကို ကျော်လွန်ခဲ့တာ သုံးလေးရက်ရှိပြီဖြစ်တယ်။ ပြီးတော့ ပရိသတ်တွေကို သံသယဖြစ်စေခဲ့တဲ့အချက်ကတော့ ကျန်ရှင်းဆွေ့ရဲ့ကိစ္စပါပဲ။ Weiboပေါ်မှာ ကျော်ကြားနေမှုက အတော်အတန်ကြာနေတာတောင် ပျောက်မသွားသေးဘူး။ ဘာလို့လဲဆိုတော့ အဲဒီနေ့တုန်းက hot searchထပ်ဖြစ်ထားတဲ့စာရင်းက တခြားလူတော်တော်များများကိုပါ 'StarLight'ကို ကြည့်ရှုလာစေခဲ့တယ်။ ရိုက်ကူးရေးအဖွဲ့ မဲနှိမ်လိုက်တဲ့ကိစ္စကလည်း ပိုလို့တောင်ပြင်းထန်လာတော့တယ်။ ပြီးတော့ အဲဒီအချိန်တုန်းက ဖန်တွေကိုလည်း လိမ်ညာလိုက်သေးတယ်လေ။ အဲ့နောက်ထုတ်ဖော်ခံလိုက်ရတဲ့ အန်းရန်ကပိုပြီး အခြေအနေဆိုးရွားသွားတော့တယ်။ အခုသူ့ကိုဝေဖန်နေကြတဲ့သူတွေလည်း ပိုတိုးလို့များလာတော့တယ်။

"အန်းရန်က *တော်ဝင်မိသားစု ကလား?"

[ဒီမှာသုံးတဲ့ တော်ဝင်မိသားစုဆိုတာကလေ တကယ့်မင်းမျိုးမင်းနွယ် တောင်ဝင်မိသားစုကို ပြောချင်တာမဟုတ်ဘဲ ပြိုင်ပွဲဝင်တွေထဲမှာ အရင်းအမြစ်တွေပိုရ၊ ကင်မရာရိုက်ချက်တွေပိုရပြီး အရည်အချင်းကသာမန်လောက်ပေမဲ့ နည်းပြတွေသဘောကျခြင်းခံရပြီး ကျော်ကြားလာတဲ့ပြိုင်ပွဲဝင်မျိုးကိုခေါ်တာပါတဲ့။]

"ဘာလို့မဲဝယ်ဖို့သုံးတဲ့ပိုက်ဆံက တူတူလောက်ပဲဖြစ်ပြီး သူကျအဆင့်၃ဖြစ်နေရတာလဲ"

"သူ့ကောကောကနည်းပြလေ သူတို့ကတရားမျှတမှုလုံးဝမရှိတာပဲ"

"တခြားတစ်ယောက်ရဲ့ဘဝကို လုယူလိုက်တာပဲ"

"အား ငါအရင်က သူ့ကိုချစ်ဖို့ကောင်းတယ်လို့ထင်ခဲ့တာ ဒီလိုလူမျိုးဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူးပဲ"

အစပိုင်းမှာအန်းရန်က ပရိသတ်တော်တော်များများရဲ့မျက်လုံးထဲ ထင်မြင်ချက်ကောင်းတွေကို လက်ခံရရှိထားလေတယ်။ ဒါပေမဲ့Debut nightမှာ ဖန်တွေဆီကရိုက်ခတ်မှုတွေကြောင့် သူလေပြင်းတိုက်ခံလိုက်ရပြီး ဟိုးအောက်ထိပြုတ်ကျသွားစေတော့တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now