Chapter - 83.1

8.5K 1.5K 100
                                    

Unicode

Liveအရံကောင့်ပေါ်ထွက်လာခြင်း
__________________________________

ရှန်ရှင်းဆွေ့ခြံထဲမှာထိုင်စောင့်နေပြီး နည်းနည်းလေးပြန်ကောင်းတာနဲ့ ငါးနဲ့တွဲဖက်လို့ရတဲ့ ဟင်းလျာတစ်ချို့လုပ်ဖို့ ပြင်ဆင်လိုက်တယ်။

ဒီနေ့ရာသီဥတုက သိပ်မကောင်းလှဘူး။ ကောင်းကင်ပေါ်မှာ မိုးဖွဲဖွဲလေးကျလျက်ရှိတယ်။ မျိုးနွယ်စုကအိမ်လေးတွေအကုန်လုံးက အုတ်နဲ့ဆောက်ထားတာဖြစ်တယ်။ တောတောင်ကြားထဲမှာ မြူနှင်းလေးတွေရစ်ဆိုင်းလျက်ရှိတယ်။ နှစ်သစ်ကူးပြီးကာစဖြစ်တာကြောင့် နွေဦးရာသီကိုလည်း တဖြည်းဖြည်းနီးကပ်လာခဲ့ပြီ။ တိုက်ခတ်လာတဲ့လေတောင်မှ လတ်ဆတ်တဲ့အငွေ့အသက်ကို သယ်ဆောင်လာလေတယ်။

ရှန်ရှင်းဆွေ့ ဟင်းရွက်လှီးနေတုန်းမှာပဲ အပြင်ဘက်ကနေ အသံထွက်လာခဲ့တယ်။

ရှန်ရှင်းချန်က လှီးပြီးသားငါးကိုကိုင်လာ ဝင်လာခဲ့တယ်။ သူကဂုဏ်ယူနေတဲ့ပုံနဲ့ "ဒီငါးကိုလုပ်ထားတာ ဘယ်လိုနေလဲကြည့်စမ်းပါဦး?"

ရှန်ရှင်းဆွေ့ အနည်းငယ်အံ့အားသင့်သွားတယ်။ ဒါပေမဲ့ခပ်မြန်မြန်ပဲ တုံ့ပြန်နိုင်လာပြီး မေးလိုက်တယ် "အာ့ကော မဟုတ်မှ တိတ်တိတ်လေးသွားပြီး လှည့်ဖျားလာတာလား"

"လှည့်ဖျားတယ်?"

ရှန်ရှင်းချန်က မင်းကတော့ငါ့ကို စော်ကားနေတာပဲဆိုတဲ့ပုံစံနဲ့ ပြောလိုက်တယ် "ငါက ငါ့အရည်အချင်းငါသုံးပြီး ရလာတာပါနော်!"

ရှန်ရှင်းဆွေ့ ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေလေတယ်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါးကိုင်ပြီးသွားတာက ကိစ္စကောင်းတစ်ခုပဲမဟုတ်လား။ သူတို့နှစ်ယောက်ပေါင်းပြီး ဟင်းရွက်တွေကို အိုးထဲထည့်ကာ စတင်ချက်ပြုတ်တော့တယ်။ ချက်ပြုတ်တဲ့အစီအစဥ်က ဟင်းချက်နည်းထဲကအတိုင်းပဲဆိုပေမဲ့ နောက်ဆုံးရလာတဲ့ ငါးရဲ့အရသာကတော့ စကားတစ်လုံးတည်းနဲ့ ဖော်ပြဖို့ခက်လှတယ်။ ပြီးတော့ သူတို့နှစ်ယောက်လုံးက အမဲရောင်ဟင်းလျာတွေရဲ့ အမွေဆက်ခံသူတွေဖြစ်ကြပြီး ဘယ်သူကမှ ဒီဘက်ပိုင်းမှာမထူးချွန်ကြဘူး။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now