Chapter - 21

12K 2.1K 116
                                    

Unicode

သူကငါ့ရဲ့ဖန်
____________

စင်နောက်မှာ,

ဖျော်ဖြေလို့ပြီးသွားတဲ့ ပြိုင်ပွဲဝင်တွေက စင်နောက်မှာ အနားယူနေကြတယ်။

ဘာလို့လဲဆိုတော့ အရင်ကစင်ပေါ်မှာဖျော်ဖြေဖို့အတွက် သူတို့ထမင်းတောင်မစားရဲကြဘူး။ အဲ့တာကစင်ပေါ်မှာအရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်မလာစေဖို့ပဲ။ အဲ့တာကြောင့်စင်ပေါ်ကဆင်းတာနဲ့ ကန်တင်းဆီအပြေးသွားချင်ကြတာ သဘာဝပါပဲ။

ရှန်ရှင်းချန်က "ဒီတစ်ခေါက်ပြိုင်ပွဲပြီးရင်တော့ ရိုက်ကူးရေးအဖွဲ့က ငါတို့ကိုဂုဏ်ပြုပေးဖို့ များများမကြွေးသင့်ဘူးလား?"

တခြားအသင်းသားတွေကလည်း ပါဝင်လာကြပြီး စိတ်ကူးတွေတန်းစီနေတော့တယ် :

"သိုးကောင်လုံးကင်ရလောက်လား.."

"ငါဟော့ပေါ့စားချင်တယ်"

"ငါအမြင်ပြောရရင် ကိုယ့်ပါကိုယ်ဝယ်စားကြရင်ရော?"

ရှန်ရှင်းချန်ကသဘောတူလိုက်တယ်။ သူအခု ချောမောတဲ့လူငယ်ပုံစံ ဝတ်ထားတာကိုမကြည့်နဲ့။ သူကြော့ကြော့မော့မော့ဝတ်ထားရင်တောင် သူကဗီလိန်နဲ့တူနေတုန်းပဲ။ သူများတွေကိုကြည့်လိုက်ရင် စာဖတ်ဖို့သွားကြတယ်လို့ထင်ရပေမဲ့ သူ့ကြည့်လိုက်ရင်ရန်ဖြစ်ဖို့သွားသလိုမျိုးပဲ။ သူက "ငါ့အမြင်ပြောရရင် ငါတို့ကိုဆိုင်သွားစားခိုင်းလိုက်တာ ပိုကောင်းမယ်"

တခြားသူတွေအကုန် တဟားဟားနဲ့ရယ်ကုန်ကြတယ်။

ရှန်ရှင်းချန်ကသူ့ဘေးကသူကိုကြည့်ကာ "မင်းကရော? အပြင်သွားပြီးဘာဝယ်စားချင်လဲ?"

"ငါက" ကျန်ရှင်းဆွေ့စဥ်းစားလိုက်ပြီးတော့ ရယ်ကာပြောလာတယ် "ငါကဘာဖြစ်ဖြစ်ရတယ်"

ရှန်ရှင်းချန်က နှာမှုတ်ကာ "အယောင်ဆောင်ပဲ"

ကျန်ရှင်းဆွေ့က ဘာမှမစားချင်တာမဟုတ်ဘူး။ ဒါပေမဲ့ ဘာလို့လဲဆိုတော့ သူအရင်ကချမ်းသာခဲ့တော့ သူ့မှာရွေးချယ်စရာ အစားအသောက်တွေအများကြီးရှိခဲ့တယ်။ ဒါပေမဲ့အခုတော့ သူ့မှာထမင်းတစ်နပ်အတွက်ဒေါ်လာအနည်းငယ်ပဲရှိတော့တယ်။ အဲ့တော့သူဒီငွေနည်းနည်းလေးနဲ့ ဘာကိုရွေးရမယ်မှန်းမသိဘူး။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now