အခန်း ၂၂ ၉၉၈တန်၏နာကျင်မှု

1.4K 227 3
                                    

[Unicode]

အခန်း ၂၂ ၉၉၈တန်၏နာကျင်မှု

“အာ?”

ဖုန်းထျန်းယွမ် မှင်သေသွားလေသည်။ တစ်ဖက်လူက တကယ်ပဲ သူ့ကိုတပည့်အဖြစ်မှတ်ယူချင်နေခြင်း ဖြစ်လိမ့်မယ်လို့ သူမထင်မှတ်ထားခဲ့ပေ။

တကယ်လို့များ လုရှောင်ယန်သာ ရှေးဟောင်းလူဝံမျိုးနွယ်မှအကြီးအကဲတွေကို သတ်ရုံသာသတ်ခဲ့မည်ဆိုလျှင် သူသေချာပေါက် ချက်ချင်းဒူးထောက်ကာ တစ်ချက်လေးတောင် တွေဝေမနေဘဲ ဆရာသခင်အဖြစ် စိတ်နှလုံးပုံအပ်ကာ ကိုးကွယ်မိမည်ဖြစ်သည်။

သို့သော်လည်း လုရှောင်ယန်၏ ဆက်တိုက်လှုပ်ရှားခဲ့သည့်အပြုအမူများကိုမြင်ပြီးနောက်မှာတော့ သူတုန့်ဆိုင်းနေလေသည်။

ဒီလူက တကယ်ကိုအင်အားကြီးတာမှန်ပေမယ့် သူ့ဦးဏှောက်ကတော့… ပြဿနာရှိနေပုံပဲ?

သူ့ဆီက ပြန်သင်ယူဖို့ဆိုတာ တကယ်စိတ်ချလို့ရပါ့မလား?

“နေ့ခင်းကြောင်တောင် အိပ်မက်,မက်မနေနဲ့တော့။ မင်းငါ့တပည့်ဖြစ်လာဖို့ ဆန္ဒရှိလား?”

လုရှောင်ယန် ထပ်မေးလိုက်သည်။ ဖုန်းထျန်းယွမ် စကားပြန်မပြောခင် ခဏတာနှုတ်ဆိတ်နေခဲ့သေးသည်။

“ဒါ-ဒါဆို… တကယ်လို့… ကျွန်တော်ငြင်းလိုက်ရင်…ဘာ-ဘာဖြစ်မှာလဲ?”

“မင်းငြင်းလိုက်ရင်လား? ရပါတယ်။ ငါက လူတွေကို ဖိအားပေးရတာမကြိုက်ဘူး။”

လုရှောင်ယန် ကြင်နာသည့်လေသံအပြည့်ဖြင့် ညင်ညင်သာသာပြောနေသော်လည်း ဖုန်းထျန်းယွမ်ကတော့ လုရှောင်ယန်၏ညာဘက်လက်ပေါ်တွင် သိပ်သည်းစွာတည်ရှိနေသည့် အင်အားကြီးလှသည့်ဝိညာဉ်စွမ်းအားများကို ထင်ထင်ရှားရှား ခံစားမိနေနိုင်သေးသည်။

ဖုန်းထျန်းယွမ်၏မျက်နှာကြီး ရှုံ့မဲ့လို့သွားတော့သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now