အခန်း ၁၁၃ လင်းဖေး၏အချက်အလက်

1K 129 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၈။ အခန်း ၁၁၃ လင်းဖေး၏အချက်အလက်

လုရှောင်ယန်နှင့် အခြားသူများ အိမ်ပြန်ချိန်ရောက်တော့ ညဉ့်နက်နေပြီဖြစ်သည်။ လူတိုင်း စကားသိပ်မပြောဖြစ်ကြဘဲ အခန်းထဲသို့ ပြန်သွားကြသည် ။

 လုရှောင်ယန်သည် ယွင်လီကောနှင့် အတူနေခဲ့သည်။ သူသည် ယွင်လီကောကို ဒဏ်ရာများ ကုသရန်အတွက် ဆေးအနည်းငယ်ကို အရင်ပေးသည်။

 "ဆရာ ဒီတစ်ခါ သတိမထားမိလို့ မင်းကို ဒုက္ခဖြစ်စေမိပြီ။"

 ယွင်လီကော၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသော်လည်း သူ ခေါင်းကို ပြင်းပြင်းထန်ထန် ခါနေဆဲဖြစ်သည်။

 “ဆရာ က သိပ်သဘောကောင်းတယ်။ နည်းနည်းလေး ဒုက္ခရောက်တာ ဘာဖြစ်မှာမလို့လဲ? ဒါပေမယ့် ဆရာဦးလေးလီရဲ့ အထူးကတ်က လိပ်နက်ဂိုဏ်းရဲ့ အာကေရှားအဖွဲ့ခွဲမှာ ဘာလို့ ဒီလောက်အသုံးစရိတ်စံချိန်တင်ရှိနေရတာလဲ မေးချင်တာ..။  ဆရာဦးလေးလီက လိပ်နက်ဂိုဏ်းကို တစ်ခါမှ မရောက်ဖူးဘူးမလား?"

 လုရှောင်ယန် ယွင်လီကောကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "မင်းဘာကိုဆိုလိုတာလဲ.. ရိုက်ခံချင်နေတာလား? အဲဒီတုန်းက အာကေရှားအဖွဲ့ ကို ငါသွားရတဲ့ အကြောင်းရင်းက ရှောင်ပိုင် အကြောင်း သတင်းရယူဖို့။ ဒီလိုမှမဟုတ်ရင် ရှောင်ပိုင်ကို အမှားအယွင်းမရှိအောင် ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲ?"

 "ဟုတ်လား။ ကျွန်တော်က ဆရာ အထီးကျန်မှုကို မခံစားန်ုင်လို့ သွားပျော်တယ်ထင်နေတာ...။”

 လုရှောင်ယန်သည် ခဏမျှ တိတ်ဆိတ်သွားသည်။

 "မင်းရဲ့ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်း မရှိတော့ဘူး။"

 သူစကားပြောပြီးသည်နှင့် ယွင်လီကောသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရိုးသားစွာပြောသည် "ဆရာ.. ဉာဏ်ရည်ထက်မြက်ပြီး၊ ဆွဲဆောင်မှုရှိကာ၊ ချောမောပြီး ချစ်စဖွယ်ကောင်းသူတစ်ယောက်အနေနဲ့ ဒီလိုအဆင့်နိမ့်တဲ့အရာကိုမလုပ်သင့်ပါဘူး…”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now