အခန်း ၇၀ မင်းရဲ့ကျင့်ကြံဖော်ဖြစ်စေချင်နေတာလား?

1.1K 199 12
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၇၀ မင်းရဲ့ကျင့်ကြံဖော်ဖြစ်စေချင်နေတာလား?

"တခုခု​တော့လွဲ​နေပြီ။" လုရှောင်ယန် တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။

မနေ့ညက သူသည် ဂိုဏ်းချုပ်နှင့် အခြားသူများ ဆွေးနွေးနေသည့် စကားသံများမှတဆင့် ရှောင်ပိုင်သည် လိပ်နက်ဂိုဏ်း၏ မြင့်မြတ်သော မိန်းမပျိုထံ လက်ထပ်ခွင့်​တောင်းခြင်း ကျရှုံးခဲ့ကြောင်းကို သူကြားခဲ့ရသည်။

သူ၏ယခင်ဘဝက ချင်ကျီမော့သည် ရှောင်ပိုင်၏ဆရာဖြစ်သည်မဟုတ်လား..။ သူမကြောင့် သူသည် သိုင်းဘုရင်အဆင့်ရောက်​အောင် ကျင့်ကြံခဲ့ပြီး သူမကို ရှာဖွေရန် ပြန်လည်မွေးဖွားခဲ့သည်။

အချက်အလက်​တွေလွဲမှား၍ ချင်ကျီမော့သည် သူက သူမအား ကယ်တင်ခဲ့သည်ဟု ထင်သွားသည်။ ထို့အတွက်ကြောင့် ချင်ကျီမော့သည် ရှောင်ပိုင်၏ လက်ထပ်ခွင့်​တောင်းမှုကို ငြင်းဆိုခဲ့သည်။

ဟား...

ရုတ်တရက် လုရှောင်ယန်၏ အသက်ရှူသံတို့ အနည်းငယ် မြန်လာသည်။ သူသည် မြင်းနက်၏ အကြံအစည်ကို တစ်နည်းနည်းနဲ့ ပျက်ဆီး​စေခဲ့သည်ဟု ခံစားရသည်။

သူ့အတွက်သာမဟုတ်ပါက ရှောင်ပိုင်၏ လက်ထပ်ခွင့်​တောင်းမှု အောင်မြင်ဖို့ အခွင့်အလမ်းမြင့်မားသည်မှာ သေချာသည်။

ရှောင်ပိုင်၏ ကံကြမ္မာက သူ့ကြောင့် ပျက်စီးသွားသည်ဟု ဆိုလိုသည်မဟုတ်လား?

ယခုအချိန်တွင် ရှောင်ပိုင်သည် လိပ်နက်ဂိုဏ်းက​နေ ထွက်သွား​လောက်ပြီထင်။ နတ်ဆိုးဂိုဏ်းကလူတွေက သူ့ကို သေချာပေါက် ရှာကြလိမ့်မည်။ နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများစွာဖြင့် သူ့ကို မသတ်နိုင်ခဲ့လျှင်တောင်မှ ဒဏ်ရာ ရ​စေနိုင်မည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူသည် အ​ကောင်းဆုံးအစီအစဉ်ဆွဲနိုင်သရွေ့ ရှောင်ပိုင်ကိုသတ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

ဝမ့်ခိုက်၏မစ်ရှင်က ရှောင်ပိုင်ကို သတ်ပြီး သူ၏ကံကြမ္မာကို လုယူခြင်းဖြင့် ဆုလာဘ်များစွာကို ရရှိစေသည်ဟု ဆိုသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now