အခန်း ၁၁၆ သူ့ကိုထောင်ချောက်ဆင်

1K 138 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၈။ အခန်း ၁၁၆ သူ့ကိုထောင်ချောက်ဆင်

"အိုး.. တစ်ချက်ကြည့်လိုက်ရအောင်။"

 ဝတ်စုံဖြူဝတ်ထားသည့် ယွဲ့ယင်းသည် လင်းဖေးအပေါ် ပြောင်းလဲမှုများရှိမရှိ စုံစမ်းရန် သူမ၏နည်းပညာများကို ချက်ချင်းအသုံးပြုလိုက်သည်။

 သို့သော်လည်း အချိန်အတော်ကြာ လေ့လာပြီးနောက် လင်းဖေးတွင် အမှားအယွင်းတစ်စုံတစ်ရာ မတွေ့ရပေ။

 “မင်းမှာ ဘာမှ ပြသနာမရှိပါဘူး။ မင်းလျှောက်ထင်နေတာလား။"

 "ပြဿနာမရှိဘူးလား။ ဆရာ သေချာလား။ အနီးကပ်ထပ်ကြည့်ချင်သေးလား။ ကျွန်တော်ကတော့ တစ်ခုခု မှားနေပြီလို့ ရှင်းရှင်းလင်းလင်း ခံစားရတယ်။”

 "မင်း...ငါ့စွမ်းရည်ကို သံသယဝင်နေတာလား။"

 ဝတ်ရုံဖြူဝတ် ယွဲ့ယင်း၏ လေသံမှာ အနည်းငယ် အေးစက်သွားသည်။

 လင်းဖေး၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး ချက်ချင်းပင် တောင်းပန်လိုက်သည်။

 “ကျွန်တော် မလုပ်ရဲပါဘူး။ ကျွန်တော်အပြောမှားသွားတာပါ။ ဆရာ၊ ခွင့်လွှတ်ပါ။”

 ဝတ်ရုံဖြူဝတ် ယွဲ့ယင်း၏ လေသံသည် နောက်ဆုံးတွင် အနည်းငယ်ပျော့သွားသည်။

 ထို့နောက် သူမက ဆက်ပြောသည်၊

 “ဒီနေ့ လေလံပွဲကို စောင့်ကြည့်ရမယ်။ သိုင်းဘုရင်အဆင့် ရတနာကို အခြားသူတွေလက်ထဲ မကျရောက်စေနဲ့။  ဒီလိုမှမဟုတ်ရင် ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံးလိုက်တာက မင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ။”

 "စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် သေချာပေါက် ဒီသိုင်းဘုရင်အဆင့် ရတနာကို ရပါလိမ့်မယ်။"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now