အခန်း ၈၇ သနားစရာ​ကောင်း​သောနတ်ဆိုးဂိုဏ်ကလူများ...

1.1K 163 0
                                    

[Unicode]
စာစဉ်  ၆။ အခန်း ၈၇ သနားစရာ​ကောင်း​သောနတ်ဆိုးဂိုဏ်ကလူများ...

ငါးမိနစ်ကြာပြီးနောက်…

 "ဝူး..ဝူး...မေမေ၊ သား အမေ့ကိုစိတ်ပျက်​စေမိပြီ  ကျွန်တော်က မိသားစုအတွက် အရှက်ရ​စေတယ်!  မကျင့်ကြံနိုင်လို့ နတ်ဆိုးဂိုဏ်းနဲ့သာပူးပေါင်းခဲ့ရတာပါ။  ဒါ​ပေမယ့် လူတစ်​​ယောက်​ကိုမှ မသတ်​​ရသေးပါဘူး။"

 “ငါ နတ်ဆိုး အရှင် ဖြစ်သွားပြီ။  ဟားဟားဟား... ဒီညတော့ ငါ့အိပ်ရာကို နွေး​စေဖို့ အဆိပ်တစ်ထောင်ဂိုဏ်းရဲ့ သခင်ကို ​ခေါ်ရမယ်။  မြင့်မြတ်သော နတ်ဆိုးဂိုဏ်းရဲ့ နံပါတ်တစ်အလှ​လေးက ငါ့အပိုင်ဖြစ်လာလိမ့်မယ်!”

 "သတ်! ငါ့စကားကို နာခံတဲ့သူ​တွေ ကြီးပွားပြီး၊ ဆန့်ကျင်တဲ့သူ​တွေ သေကြရမယ်။  ငါက ကမ္ဘာမှာ နံပါတ်တစ် ကျွမ်းကျင်သူပဲ!"

 ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါတွင် နတ်ဆိုးဂိုဏ်းမှာ အာကာပြင်ပြိုကွဲခြင်းအဆင့် ကျွမ်းကျင်သူငါးယောက်၏ နဖူးပေါ်မှ ချွေး​စေးများထွက်ကျလာသည်။  ရုတ်​တရက်​ အ​အေးဓာတ်​က ​ခြေ​ထောက်​က​နေ ​ခေါင်း​ပေါ်​အထိရောက်​လာသည်​။

 ကောင်းကင်နတ်ဆိုးလို ဂိုဏ်းငယ်လေး၏ အရိုးရှင်းဆုံးသော ထင်ယောင်ထင်မှား အစီအရင်တွင် နတ်ဆိုးဂိုဏ်းမှ အ​​ကျော်အ​မော်များ ဤမျှလောက်ပမာဏအထိ ရှုံးနိမ့်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။

 ယခုအခါ နတ်ဆိုးဂိုဏ်းမှ အ​​ကျော်အ​မော်များ အားလုံး  ထင်ယောင်ထင်မှား အစီအရင်တွင် ပိတ်မိနေပြီး သူတို့ကိုယ်သူတို့ ဘာလုပ်နေသည်ကို လုံးဝသတိမထားမိကြတော့ပေ။

 ဂလု..

  အကြီးအကဲတစ်ဦးသည် မ​နေသာပဲ ​မေးသည်။ “ဒီလိုအခြေအနေမျိုးနဲ့ ကျုပ်တို့တွေ ဘာဆက်လုပ်ကြမလဲ?"

 ကျန်လူများက အံကြိတ်လိုက်ကြပြီး၊ “ဘာကြောက်စရာရှိလို့လဲ?  ငါတို့မှာ အကြီးအကဲယဲ့ရှားအပ်နှင်းထားတဲ့ ​ကောင်းကင်ဘုံ ထိပ်တန်းအဆင့်ရှိတဲ့ နတ်ဆိုးအ​ဆွေပုတီး​စေ့ ရှိတယ်။ အဲ့တာက ထင်ယောင်ထင်မှားအစီအရင်အားလုံးကို ချိုးဖျက်ရာမှာ အထူးအသုံးပြုရတဲ့ပစ္စည်းပဲ။” ပြောပြီးသည်နှင့် ထိုအကြီးအကဲသည် အနက်ရောင်ပုတီးစေ့ကို အစီအရင်ထဲကို ချက်ချင်းပစ်ချလိုက်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now