အပိုင်း ၁၉၆ သနားစရာ သုံးယောက်အဖွဲ့..

600 66 4
                                    

[Unicode]
အပိုင်း ၁၉၆ သနားစရာ သုံးယောက်အဖွဲ့..

စည်းစိမ်ဥစ္စာများစွာကို ယူဆောင်ပြီးချိန်တွင်၊ လုရှောင်ယန်သည် ရှေးဟောင်းသင်္ချိုင်းတိုင်းရှိ အစီအရင်များကို ပြန်လည်ပြုပြင်ရန် မမေ့ခဲ့ပေ။

  ဤနည်းဖြင့် နောက်ထပ်ဝင်ချင်သည့် မည်သူမဆိုအတွက် စိတ်ဝင်စားစရာဖြစ်စေမည်။

  သို့သော် လုရှောင်ယန်သည် ရှေးဟောင်းသင်္ချိုင်းတွင်းသို့ ဝင်ရောက်ပြီးနောက် သူချက်ချင်းပင် အံသြသွားခဲ့သည်။

  "ဟေ့ ညီအစ်ကို၊ မင်းက အရမ်းဆင်းရဲ မနေဘူးလား။ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ မင်းမှာ အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး ရာဂဏန်း၊ ကောင်းကင်ဘုံအဆင့်လက်နက်နဲ့ အဆင့်နိမ့် ကောင်းကင်ဘုံ ကြေးပုလင်းတစ်လုံးပဲရှိတယ်။ ဒီမနက် ငါလုယက်ခဲ့တဲ့ ဘုရင်အဆင့်ကျွမ်းကျင်ပညာရှင်ရဲ့ သင်္ချိုင်းက မင်းရဲ့စည်းစိမ်ထက်တောင် ပိုများသေးတယ်။"

  လုရှောင်ယန်သည် သူ၏ပစ္စည်းများကိုပင် တဖက်သူအတွက် မြှုပ်နှံထားသည့်အရာများအဖြစ် ချန်ထားခဲ့ချင်စိတ်ကိုပင် ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့သည်။

  သို့သော် နောက်ဆုံးတွင် သူ ခံနိုင်ရည်ရှိနေဆဲပင်။

  ဘာပဲပြောပြော သူပိုင်ဆိုင်တဲ့ အရာတွေက တခြားသူတွေရဲ့ သင်္ချိုင်းတွေကနေ တူးဖော်ခဲ့တဲ့ အရာတွေပါ။

  "ဟင်း..၊ မင်းဘယ်လောက်သနားဖို့ကောင်းလဲဆိုတာလေ ငါ မင်းရဲ့ပစ္စည်းတွေကို မလုယူရက်ဘူး။"

  လုရှောင်ယန် ရုတ်တရက်စိတ်မကောင်းဖြစ်သွားသည်နှင့် ခေါင်းယမ်းလိုက်သည်။

  "မင်းပစ္စည်းတွေ ငါမယူဘူး။ ဒီပုလင်းကို ငှားပါ။"

  အမျိုးသားများသည် သဘာဝအတိုင်း အပေါက်များကို စွဲလမ်းကြသည်။ စစ်မှန်သောယောကျ်ားသည် ဆီးအပေါက်ကိုရှာရမည်။ ဤသည်မှာ ယောက်ျားစစ်စစ်များ မည်သို့ ဆီးသွားသည်ပင် ဖြစ်သည်။

  ဆီးသွားပြီးနောက် လုရှောင်ယန် တုန်ခါသွားပြီး နောက်ရှေးဟောင်းသင်္ချိုင်းကို ရှာဖွေရန် ချက်ချင်း ပြေးသွားခဲ့သည်။

  "ငါက သင်္ချိုင်းဖောက်တဲ့သူတစ်ယောက်ဖြစ်ပြီး သင်္ချိုင်းလုယက်တာ အရမ်းတော်ပါတယ်။ သူ့အမေရဲ့ အုတ်ဂူကို လုယက်ပြီး ဖေဖေ့အုတ်ဂူကို လုယက်ပြီး သူ့ဘိုးဘွားအုတ်ဂူကိုတောင် ရှင်းပစ်ခဲ့တယ်..."



   လုရှောင်ယန် သီဆိုနေစဉ်တွင် သူ၏အသံသည် ပျောက်ကွယ်သွားခဲ့သည်။ များမကြာမီတွင်...
ဥက္ကာပျံများကဲ့သို့ ရှေးခေတ်သင်္ချိုင်းပေါ်သို့ မီးလုံးသုံးလုံး ကျရောက်လာသည်။
  "အဲဒါက ဒီမှာပဲ။ အာကေရှားဂိုဏ်းရဲ့ အချက်အလက်တွေအရ၊ ဒီနေရာဟာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူရဲ့ သင်္ချိုင်းဖြစ်နိုင်ချေ အရမ်းများတယ်။"

  သူတို့ သုံးယောက်က သူတို့ရဲ့ ကိုယ်ခန္ဓာကို တည်ငြိမ်စေပြီး သူတို့၏ အမူအရာတွေကို ထုတ်ဖော်လိုက်သည်။ ၎င်းတို့မှာ နာလန်ဟုန်ယွီ၊ ဖုန်းအောက်ထျန်းနှင့် လီလျှို့ရွှေတို့ဖြစ်သည်။

  ဖုန်းအောက်ထျန်း၏ အမူအရာမှာ မကောင်းသလို အနည်းငယ် မှုန်မှိုင်းနေသည်။

  "နာလန်ဟုန်ယွီ၊ ဒီတစ်ခါ မင်းရဲ့အချက်အလက်တွေ ထပ်မမှားဖို့ ငါမျှော်လင့်တယ်။"

  နာလန်ဟုန်ယွီ အနည်းငယ်ရှက်သွားသည်။

  တကယ်တော့ ဒါက သူမအပြစ်မဟုတ်ဘူး။ အာကေရှားဂိုဏ်း၏ အချက်အလက်များသည်
အခြေခံအားဖြင့် မှန်ကန်မြဲဖြစ်သည်။ ၎င်း၏တိကျမှုအလွန်မြင့်မားသည်။ ယခင်က လုယက်ခံခဲ့ရသည့် အချည်းနှီးသော သင်္ချိုင်းအချို့မှလွဲ၍ ကျန်အားလုံးသည် လူသူမရောက်သေးသော ရှေးဟောင်းသင်္ချိုင်းများဖြစ်သည်။ သို့သော် သူတို့သွားရောက်လည်ပတ်သည့် သင်္ချိုင်းများတွင် အစီအရင်များသို့မဟုတ် တိုက်ခိုက်မှု စက်ယန္တယားများပင် ဖြစ်ပါစေ၊ ၎င်းတို့အားလုံးသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အစွမ်းထက်လှသည်။

  နာလန်ဟုန်ယွီက ဒါကို တကယ်မမျှော်လင့်ထားပါ။ အမှန်တော့၊ ထိပ်တန်းပညာရှင်တစ်ယောက်၏ သင်္ချိုင်းကလွဲလို့ ဘယ်အုတ်ဂူက အစွမ်းထက်တဲ့ အစီအရင်တွေ အများကြီးရှိမှာလဲ။

       ထို့အပြင် ထိုရှေးဟောင်းသင်္ချိုင်းများကို အလွန်ကောင်းမွန်စွာ တည်ဆောက်ထားသည်မှာ ထင်ရှားသည်။ မြေအောက်နေရာသည် အလွန်ကျယ်သည်။ အချို့သော သင်္ချိုင်းများသည် ကမ္ဘမြေကို မမှီခိုသော နေရာသစ်များကို ဖွင့်လှစ်ခြင်းဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းသင်္ချိုင်းများပင် ရှိသည်။

  ဤရှေးဟောင်းသင်္ချိုင်းများသည် အစစ်အမှန်ဖြစ်သည်။ သူ့အသက်နှင့် အာမခံရဲသည်။

  သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် သူတို့ကြုံတွေ့ခဲ့ရသော ရှေးဂူသင်္ချိုင်းအားလုံးနီးပါးမှာ အလွတ်ဖြစ်နေသည်။ ယခုအချိန်အထိ ၎င်းတို့သည် ရှေးဘုရင်အဆင့်စစ်စစ် ဂူသင်္ချိုင်းနှစ်ခု သို့မဟုတ် သုံးခုမျှသာရှိပြီး နှစ်ပေါင်း ၆,၀၀၀ ကျော်သက်တမ်းရှိသော ဧကရာဇ်အဆင့်သင်္ချိုင်းကို တွေ့ရှိခဲ့ကြသည်။

  သို့သော် အထဲက ပစ္စည်းတွေက လီလျှို့ရွှေနဲ့ ဖုန်းအောက်ထျန်းရဲ့ လက်ထဲက ပစ္စည်းတွေလောက် အဖိုးမတန်ပေ။

  တန်ဖိုးအရှိဆုံးပစ္စည်းများမှာ အဆင့်နိမ့် သိုင်းဘုရင်အဆင့် လက်နက်နှစ်ခုနှင့် အဆင့်နိမ့် သိုင်းဘုရင်အဆင့်သွေးဆေး တို့ဖြစ်ကြသည်။

  ဒါက ဖုန်းအောက်ထျန်းကို သေလုမျောပါး ဒေါသထွက်စေသည်။ နာလန်ဟုန်ယွီကိုလည်း ဒေါသထွက်စေသည်။

  တစ်စုံတစ်ယောက်သည် ရှေးဟောင်းသင်္ချိုင်းအား တစ်စုံတစ်ခုပြုလုပ်ထားခြင်းဖြစ်ရမည်ဟု သူမထင်သော်လည်း ရှေးဟောင်းသင်္ချိုင်းများ၏ အစီအရင်များမှာမူ မပျက်မစီးဖြစ်နေသည်။

ထို့ကြောင့် အတိအကျပြောရလျှင် တစ်ယောက်ယောက် ဝင်ရောက်ထားသည်မှာ မဖြစ်နိုင်ပေ။

  အသက်ပြင်းပြင်းရှူပြီးနောက် နာလန်ဟုန်ယွီသည် သူမ၏စိတ်ထဲတွင် မကျေမနပ်ဖြစ်ကာ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

  "ကောင်းပြီ၊ ငါဒီလိုမဖြစ်စေချင်ဘူး။ ဘာဖြစ်နေတာလဲ ငါဘယ်လိုသိရမှာလဲ၊ ဒီသင်္ချိုင်းကို အရင်ဖွင့်ရအောင်"
  ဖုန်းအောက်ထျန်း ဒေါသထွက်နေသော်လည်း သူ့တွင်
ရွေးချယ်စရာမရှိပေ။ အေးစက်သောလေသံဖြင့် သူသည် ရှေးဟောင်းသင်္ချိုင်းရှိ အစီအရင်များကို ဖျက်သိမ်းရန် ပြင်ဆင်ခဲ့သည်။

  သို့သော်လည်း ထိုအချိန်တွင် လီလျှို့ရွှေက သူ့နောက်မှ အေးစက်စွာပြောလိုက်သည်။

  "ရှေ့ကဖယ်ပေး"

  ဖုန်းအောက်ထျန်းသည် လှည့်ကြည့်ကာ ပြန်လည်တုံ့ပြန်တော့မည့်အချိန်တွင် အလွန်အစွမ်းထက်သော ဓားသွားအလင်းတန်း သူ၏ အနောက်မှ လျင်မြန်စွာ ကျလာသည်ကို ခံစားလိုက်ရသည်။

  "သေတော့မှာပဲ.."

  သူ ချက်ချင်း ရှောင်ထွက်သွားသည်။ ဓားသွားအလင်းတန်းသည် မြေပြင်သို့ တည့်တည့်မကျရောက်မီ သူ၏ခေါင်းနောက်ဘက်သို့ ဖြတ်သွားလုနီးပါးဖြစ်ခဲ့သည်။

  အုန်း...

  ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံနှင့်အတူ၊ ရှေးဟောင်းသင်္ချိုင်းကို ဤဓားဖြင့် ခုတ်ထစ်ပစ်လိုက်သည်။

  "မင်းက အရူးကောင်၊ မင်းငါ့ကိုသတ်မိလုနီးပါးပဲ။"

  ဖုန်းအောက်ထျန်းသည် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်များ ခုန်ပေါက်နေသည်။

  လီလျှို့ရွှေ က သူ့ကို မကြည့်ပေ။ သူသည် သူ၏ဓားရှည်ကို အောက်ချလိုက်သည်။

  "မင်းမှာ စကားများဖို့ အချိန်ရှိမယ်ဆိုရင် မင်းရဲ့ ခွန်အားကို မြှင့်တင်ဖို့ မင်းဘာလို့ မစဉ်းစားတာလဲ။"

  "မင်း.."

  ဖုန်းအောက်ထျန်းက အံကြိတ်လိုက်သည်။

  "မင်းကို ငါကြောက်လိမ့်မယ်များ ထင်နေလား။"

  နာလန်ဟုန်ယွီသည် သူမ၏ ကျောက်စိမ်းလက်ကို ဆန့်ထုတ်လိုက်ပြီး သူ့နောက်ကျောကို ဖက်ထားသည်။

  "ကောင်းပြီ၊ စိတ်အေးအေးထားကြပါ၊ ငါတို့အားလုံးက တစ်ဖက်တည်းပဲကို။ အတွင်းရေးပဋိပက္ခတွေ မဖြစ်စေနဲ့။ မဟုတ်ရင် ထိခိုက်ရတဲ့လူက ငါတို့ပဲဖြစ်လိမ့်မယ်။"

  ထိုစကားကြောင့် သို့မဟုတ် နာလန်ဟုန်ယွီ၏ အပြုအစုကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဖုန်းအောက်ထျန်း၏ဒေါသသည် တဖြည်းဖြည်း လျော့သွားခဲ့သည်။

  သူသည် တုန်ယင်နေသော အသက်ရှုသံကို ထုတ်လိုက်ပြီး နာလန်ဟုန်ယွီ၏ လက်လေးကို ဆုပ်ကိုင်လိုက်သည်။ နူးညံ့သိမ်မွေ့မှုကို ခံစားလိုက် ရတော့ သူက ပြုံးလိုက်သည်။

  "ကောင်းပြီ၊ မင်းကြောင့် ငါ သူ့ကို လွှတ်ပေးလိုက်မယ်။"

  နာလန်ဟုန်ယွီက မရုန်းကန်ခဲ့ပါ။ သူမအတွက်၊ အသားယူခံရခြင်းမှာ အဘယ်မှာ ပြဿနာရှိလိမ့်မလဲ။

  သူမ၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ပြိုင်ဘက်ကင်းသော အမျိုးသမီးကျွမ်းကျင်သူ ဖြစ်လာရန် ဖြစ်သည်။

       ထိုအချိန်တွင် သူမသည် သူမ လိုချင်သမျှကို ရနိုင်သည် ။
  ထိုအချိန်မတိုင်ခင် သူမကိုယ်သူမ ရင်းရလျှင်လည်း ပြသနာမရှိပါ။

       သူမ၏အသား ပဲ့ပါသွားမည်လည်း မဟုတ်ပေ။ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် စေတနာထားပြီး ဖြည့်ဆည်းပေးရသည်။ အဲဒါ ဘာမှားနေလို့လဲ။

  ဘာပဲပြောပြော အားလုံး ပျော်ရွှင်ရသည်ပင်။

  "ကောင်းပြီ၊ မင်းဒီလိုတွေးတာကို ငါကျေနပ်ပါတယ်။ မင်းမြန်မြန်ဆင်းကြည့်သင့်တယ်။ ကောင်းတာတစ်ခုရှိမရှိ ကြည့်ရအောင်။"

  "ကောင်းပြီ။"

  ဖုန်းအောက်ထျန်း ချက်ချင်းဆင်းသက်လာသည်။

  နာလန်ဟုန်ယွီ မကူညီနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

  မြင်းနက်တွေက မာနကြီးပြီး တခြားလူတွေကို အထင်သေးသည်။

  ဒီလူနှစ်ယောက်ကို သူမ လုံးဝ မထိန်းနိုင်ပေ။ သူမသည် သူတို့ကို ကောင်းကောင်း ဆွဲဆောင်နိုင်ပြီး ဖြည်းဖြည်းချင်း ချော့ရုံသာတတ်နိုင်သည်။

       လုရှောင်ယန်ကိုသတ်ပြီး သူ့ကံကြမ္မာကို မယူခင်မှာ သူမ ခံနိုင်ရည်ရှိရမည်။

       သို့သော်၊ သူမသည် ရှေးဟောင်းသင်္ချိုင်းသို့ရောက်ပြီး မြေပြင်ပေါ်ရှိ ပစ္စည်းအနည်းငယ်ကို တွေ့လိုက်သောအခါ မျက်လုံးတစ်မှိတ်အတွင်းမှာပင် သူမ၏ စိတ်ခံစားချက်များ ပြောင်းလဲသွားပြန်သည်။

  "နောက်ထပ် ညံ့ဖျင်းတဲ့ သင်္ချိုင်းတစ်ခု၊ ဒီရှေးပညာရှင်တွေ အားလုံးက သူတောင်းစားတွေ များလား"

  လီလျှို့ရွှေ၏ အမူအရာမှာလည်း မကောင်းပေ။

  "ဒီလို အဆင့်တက်တာကို ရပ်လိုက်ဖို့ အချိန်တန်ပြီလို့ထင်တယ်။"

  နာလန်ဟုန်ယွီ ပြောခဲ့သည့် 'မြင်းနက်' သီအိုရီကို သူသံသယမရှိပါ။ သို့သော် တစ်စုံတစ်ခု မှားနေပြီဟု သူ ဆက်လက် ခံစားနေမိသည်။

  အမှားအယွင်းကို မပြောနိုင်သော်လည်း ဆက်လက်လုပ်ဆောင်ပါက အချိန်ပို၍ ဖြုန်းတီးမိမည်ဟု သူခံစားမိသေးသည်။

       ဤအခိုက်အတန့်တွင် ဖုန်းအောက်ထျန်းသည် ကောင်းကင်ဘုံအဆင့်လက်နက်နှင့် အခြားသော ဝိညာဉ်ကျောက်တုံးများကို ကောက်ယူပြီး သူ၏ ရှေးဟောင်းကြေးနန်းခန်းမထဲသို့ ပစ်ချလိုက်သည်။

  အရင်တုန်းကတော့ ဒီအရာတွေကို တစ်ချက်တောင် မကြည့်မိဘူး။

  သို့သော် ယခုတော့ သူသည် အစာရေစာ ငတ်မွတ်နေသော ကုလားအုတ်တစ်ကောင် ဖြစ်နေသည်။ ထို့ကြောင့် တွေ့ရသည့်အသားပိုင်းက ခြင်တစ်ကောင်မျှသေးငယ်နေပါစေ မဖြုန်းတီးချင်ပေ။

  လီလျှို့ရွှေသည်တေညါ ဤအရာများကို ကြည့်ပင် မကြည့်ခဲ့ပေ။

       သူက ဖုန်းအောက်ထျန်းနဲ့ မတူဘူး။

       သူက စနစ်ကို အားကိုးသည်။

       သူ့အတွက်သူ ရတနာတွေရှာဖို့ လိုအပ်နေသည့် ဖုန်းအောက်ထျန်းနှင့် မတူဘဲ မစ်ရှင်တွေလုပ်တဲ့အခါ စနစ်က သူ့အတွက် ကောင်းတဲ့အရာတွေ ပေးလိမ့်မည်။

  သူလက်ခံခဲ့တဲ့ မစ်ရှင်က ရှေးဟောင်းသင်္ချိုင်း ၆၀ ကို ရှာဖွေပြီး ဖွင့်ဖို့ပဲ ဖြစ်သည်။ ဒါက နောက်ဆုံးတစ်ခုပင်။ သူသည် ဆုလာဘ်အနေနှင့် ထိပ်တန်းအဆင့် သိုင်းဘုရင်အဆင့်ဓားကို ရရှိထားပြီးဖြစ်သည်။

  သူ့အမြင်တွင်တော့ ဖုန်းအောက်ထျန်းသည် သူ၏ဖိနပ်ကို သယ်ရန်ပင် အရည်အချင်းမရှိပေ။
  "အင်း၊ ဒီမှာ အဆင့်နိမ့် ကောင်းကင်ဘုံ ပုလင်းရှိတယ်။"

       နာလန်ဟုန်ယွီဟာ အတော်လေး စိတ်မကောင်းဖြစ်ပြီး ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာပဲ ဖုန်းအောက်ထျန်းဟာ ထောင့်မှာ ကြေးပုလင်းတစ်လုံးကို ထပ်မံတွေ့ရှိသွားခဲ့သည်။

       အဆင့်နိမ့် ကောင်းကင်ဘုံ ပစ္စည်းက မကောင်းပေမယ့် မဆိုးပါဘူး။

  သူသည် ကြေးပုလင်းကို ကောက်ကိုင်လိုက်ပြီး သူ၏ နတ်အာရုံကို ဖြန့်ကျက်လိုက်သည်။

  "အထဲမှာ ရေရှိတယ်၊ ပူနေတယ်။"

  နာလန်ဟုန်ယွီ၏ မျက်လုံးများ တောက်ပလာသည်။
  "ဒီရှေးဟောင်းသင်္ချိုင်းဟာ အနည်းဆုံး နှစ်ပေါင်း ၇,၀၀၀ သက်တမ်းရှိသင့်တယ်။ အချိန်အတော်ကြာပြီးတာတောင် အတွင်းထဲမှာ နွေးထွေးမှုရှိနေတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ အတွင်းထဲမှာ ကောင်းမွန်တဲ့ အရာတစ်ခု ရှိရမယ်"

ဒီအချိန်မှာ သူမမျက်ရည်ကျလုမတတ်ဖြစ်သွားသည်။

  နောက်ဆုံးတော့ သူမသည် မြင်းနက်များ၏ ကျော်ကြားသော ရိုက်ကွက်များထဲမှ တစ်ခုကို တွေ့ခဲ့ရသည်။

  သူများတွေ ကောင်းကောင်းမရှာနိုင်တဲ့ နေရာမျိုးမှာ ထိပ်တန်း ရတနာတစ်ခုကို အလွယ်တကူ ရှာတွေ့နိုင်ခြင်းဖြစ်သည်။

  ဒီပုလင်းထဲမှာ ဘာတွေပါလဲ မသိပေမယ့်၊ အဆင့်နိမ့် ကောင်းကင်ဘုံအဆင့်ပုလင်းထဲမှာ ထည့်ထားတာကြည့်ရရင် ကောင်းမှာ သေချာသည်။

  ထို့အပြင်၊ ဤအရာသည် နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် ၎င်း၏အပူချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။ ဒီအချက်ကို အခြေခံပြီး ပြောရရင် အတွင်းက အရာဟာ သာမန်မဟုတ်တာ သေချာသည်။
  "ဒါက အထူးစွမ်းအင်ပါဝင်တဲ့ အရည်တစ်ခု ဖြစ်နိုင်တယ်။ အဲဒါကို သောက်ပြီးရင် ငါ့ရဲ့ ကြီးထွားမှုကို တိုးစေနိုင်တယ်၊ ဒါမှမဟုတ် ငါ့ခြင်ဆီတွေကို ဆေးကြောပြီး ငါ့ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်။"

  သူစကားပြောပြီးသည်နှင့် ဖုန်းအောက်ထျန်းသည် ပုလင်းကိုဖွင့်ကာ တိုက်ရိုက်မော့လိုက်သည်။

       အတိတ်ကသာဆိုလျှင် သူ ဤမျှ အိန္ဒြေပျက်မည် မဟုတ်မှာ အသေအချာပင်။ သူ့ကိုယ်သူ ကမ္ဘာကို တစ်ခါမှ မမြင်ဖူးတဲ့ ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လို ဖြစ်အောင် ဖန်တီးမည် မဟုတ်ပါ။

       သို့သော် ယခုတော့ လီလျှို့ရွှေသည် သူ့ထက် သန်မာကြောင်း သူသိလိုက်သောကြောင့် သူ တခြားကို ဂရုမစိုက်နိုင်တော့ပေ။

  ဘာဂုဏ်သိက္ခာလဲ… ဒါတွေအားလုံးက အသုံးမဝင်ဘူး။ ခွန်အားတွေ တိုးလာမှသာလျှင် သူလိုချင်တာကို ရနိုင်မှာ။

  ထို့အပြင်၊ နောက်တစ်ခုရှိသည်။ သူတို့အားလုံး အတူတူရှိနေကြသည်။ မသောက်ရင် ဒါမှမဟုတ် နည်းနည်းသာသောက်ရင် တခြားသူတွေဆီ ပါသွားလိမ့်မည်။ ထိုအချိန်တွင် သူ၏အကျိုးခံစားခွင့်များ လျော့ပါးသွားမည်ဖြစ်သည်။

  ဒါက အရမ်းဆိုးသည်။

  ထို့အပြင် လီလျှို့ရွှေ သို့မဟုတ် နာလန်ဟုန်ယွီသာ သူ့ထက်ပိုများများသောက်သွားပါက ကူကယ်ရာမဲ့ဖြစ်ပေလိမ့်မည်။

  ထိုနှစ်ယောက်ကျင့်ကြံမှုအဆင့်များသည် သူ့ထက် အားကောင်းသောကြောင့်ပင်။

  ထို့အတွက်ကြောင့် ဖုန်းအောက်ထျန်းသည် တခြားလူများ မတုန့်ပြန်နိုင်ခင် အမြန်သောက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

  "ဂလု..ဂလု.."
  ပုလင်းတစ်ဝက်ကျော်ကို တစ်ကြိမ်သောက်ပြီးနောက် သူ လေချဉ်တက်လိုက်၏။

  နာလန်ဟုန်ယွီက မျှော်မှန်းချက်ဖြင့် ပြောသည် ။

  "ကောင်းလား။ မင်းမှာ ထူးထူးခြားခြား ခံစားချက်တွေ ရှိလာလား။ မင်းရဲ့ ခန္ဓာကိုယ်ထဲက နှလုံးသွေးကြောတွေ ပူတယ်လို့ ခံစားရသလား၊ ဒါမှမဟုတ် မင်းရဲ့ စွမ်းအင်တည်ချက်ဟာ ခွန်အားနဲ့ ပြည့်နေတယ်လို့ မင်းခံစားရလား။"

  ဖုန်းအောက်ထျန်းက မျက်မှောင်ကြုတ်ပြီး မကူညီနိုင်ဘဲ သူ့အမူအရာက အနည်းငယ် ထူးဆန်းနေသည်။

  "အရသာက နည်းနည်းလေးဘဲ၊ ငါ့ဗိုက်က အပူဆုံးလို့ ခံစားရတယ်။ ရင်တွေ တဟုန်ထိုး အန်ချင်သလို ဖြစ်နေတယ်။"

  "ဒါက အရမ်းပုံမှန်ပါပဲ။ ရှေးခေတ် ဝိညာဉ်အရည်မှာပါတဲ့ ဆေးဖက်ဝင်အရည်က သိပ်သည်းလွန်းတာကြောင့် မင်းရဲ့ နှလုံးသွေးကြောထဲကို အရည်ပျော်ပြီး စုပ်ယူဖို့ မဖြစ်နိုင်ဘူး။ အပြီးသတ် သန့်စင်ဖို့အတွက် ရက်အနည်းငယ် ဒါမှမဟုတ် ဆယ်ရက်ထက် ပိုကြာလိမ့်မယ်။”

  "ဟုတ်လား?"

***

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now