အခန်း ၃၇ အန္တရာယ်ကျ​ရောက်ခြင်း...

1.3K 188 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၇ အန္တရာယ်ကျ​ရောက်ခြင်း... 

အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်သည် အောက်ဘက်ရှိ ယွင်လီကောနှင့် ကျီဝူရှားကို စိုက်ကြည့်နေသည်။ 

"ငါမမှားရင် ဒီနှစ်​ယောက်ကလည်း သူတော်စင်အဆင့်ရဲ့အထက် ကျင့်ကြံခြင်းနည်းစနစ်တွေပိုင်ဆိုင်ရမယ်။" 

"ဘာ..." 

အရိုးဖြူနတ်ဆိုးဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများသည် လုံးဝ​မေ့လဲလုနီးပါးဖြစ်သည်။ 

မူလက ဖုန်းထျန်းယွမ်သည် သူတော်စင်အဆင့်အထက်က ကျင့်ကြံခြင်းနည်းစနစ်ကို ပိုင်ဆိုင်ကြောင်း ကြားသိရခဲ့စဉ်ကပင် အလွန် ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ 

နောက်ဆုံးတွင်၊ သူတို့၏ဂိုဏ်းချုပ်ကိုယ်တိုင်က ယွင်လီကောနှင့် ကျီဝူရှားတို့သည်လည်း သူတော်စင်အဆင့်နှင့်အထက် ကျင့်ကြံခြင်းနည်းလမ်းပိုင်ဆိုင်ကြောင်း တကယ်ကြီး ပြောခဲ့သည်။ 

ဒါက လူတိုင်းကို သူတို့၏လောကအမြင်ကို ပြန်ပြီး မေးခွန်းထုတ်စေသည်။ 

သူတော်စင်အဆင့်၏အထက် ကျင့်ကြံခြင်းနည်းစနစ်တွေက ဘယ်တုန်းကစလို့ ဈေးထဲက ဂေါ်ဖီထုပ်​တွေလို ​ပေါများလာရတာလဲ? 

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်မှုကို လျစ်လျူရှုပြီး အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်က ဆက်ပြောလာပြန်သည်။ 

"ဒါပေမယ့်၊ သူတို့.. ကျင့်ကြံခြင်းနည်းလမ်း​တွေကိုပဲအားကိုးရင် ငါတို့ အရိုးဖြူနတ်ဆိုးဂိုဏ်းအ​ပေါ် ဒီလောက်မောက်မောက်မာမာ ပြုမူနိုင်မှာ မဟုတ်ဘူး။ သူတို့လက်ထဲမှာရှိတဲ့ လက်နက်တွေက ကောင်းကင်ဘုံအဆင့်မြင့်လက်နက်တွေပဲဖြစ်ရမယ်။” 

ဟမ်.. 

အားလုံးသည် သူတို့သုံးယောက် ကိုင်ဆောင်ထားသည့် လက်နက်များကို တညီတညွတ်တည်း  မျက်လုံးပြူး၍ စိုက်ကြည့်ရင်း  ရင်ထိတ်သွားကြသည်။ 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now