အပိုင်း ၁၃၄

965 116 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၉။ အခန်း ၁၃၄ နတ်ဆိုးကျင့်ကြံသူ အစုအ​ဝေး

ကောင်းကင်ဘုရင် သွေးနတ်ဆိုး : "???"

သူ ပေါက်ကွဲသွားပြီ။

တစ်ဖက်လူကကြည့်ရုံနှင့် ပေါက်ကွဲသွားသည်။

သူ၏ခန္ဓာကိုယ်သည် သွေးစွန်းနေသော အခိုးအငွေ့များအဖြစ်သို့ ပေါက်ကွဲထွက်သွားပြီး သူ၏စိတ်ဝိညာဉ်သည်တော့ လေထဲတွင် ဖရိုဖရဲ ကျန်ရစ်ခဲ့သည်။

သူ၏ကျင့်ကြံမှုသည် အနှစ်သာရခိုင်မြဲခြင်းအဆင့်၏ပထမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်ကို သိရှိထားရမည်ဖြစ်သည်။

သူသည် ကောင်းကင်အကျဉ်းထောင်တွင် အချိန်အတော်ကြာနေခဲ့ပြီး အစီအရင်များကြောင့် ထိခိုက်နေသောကြောင့် ယခုအခိုက်အတန့်တွင် သူသည် အာကာပြင်ပြိုကွဲခြင်း ဆဌမအဆင့် တိုက်ခိုက်မှုသာ ထုတ်လွှတ်နိုင်သည်။ သို့သော် ပျော့ညံ့သည့်ထဲတော့ မပါသေးပေ။

အနည်းဆုံးတော့ သူသည် ​ကောင်းကင်နတ်ဆိုးဂိုဏ်းကဲ့သို့သော ဝေးလံခေါင်သီသော ဂိုဏ်းအချို့တွင် သူသည် ဂိုဏ်းချုပ် သို့မဟုတ် အကြီးအကဲတစ်ဦးပင် ဖြစ်လာနိုင်သည်။

သို့သော် လုရှောင်ယန်၏အကြည့်က သူ့ကို ပေါက်ကွဲစေခဲ့သည်။ တစ်ဖက်သားက သူ၏ ကျင့်ကြံနည်းကို သုံးဖို့တောင် မလို​ပေ။

ဒီကျင့်ကြံမှု... အဆင့်နိမ့် ဘုရင်အဆင့် ကျွမ်းကျင်သူတောင်မှ ​လိုက်မှီမှာ မဟုတ်ဘူးမလား။

ဒီကောင်က တကယ်လူသားလား။

အေးစက်သောလေက တိုက်ခတ်လာကာ ကောင်းကင်ဘုရင် သွေးနတ်ဆိုး၏ ဝိညာဉ်သည် ချက်ချင်းနိုးထလာခဲ့သည်။

ခေတ္တမျှပင် ရပ်တန့်ရန် မတွေးဝံ့ပေ။ သူသည် လုရှောင်ယန် ​ဖောက်ခွဲခဲ့သည့် သွေးအနှစ်သာရကို သုံးပြီး သွေးကန်ကူးပြောင်းခြင်းအစီအရင်ကို တိုက်ရိုက်အသက်သွင်းခဲ့သည်။

သို့သော်~~

အစီအရင်မပေါ်ပေါက်ခင်မှာ လုရှောင်ယန်က သူ၏အကြည့်ဖြင့် တဖန်ပြန်ကြည့်လိုက်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now