အခန်း ၁၂၁ သနားစရာ သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူ..

1.1K 140 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၈။ အခန်း ၁၂၁ သနားစရာ သိုင်းဘုရင်အဆင့်  ကျွမ်းကျင်သူ..

လောင်ကျွမ်းကောင်းကင်ဧကရာဇ်၏ စိတ်ဆန္ဒသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူ့မှာသာ ရုပ်ခန္ဓာရှိမယ်ဆိုလျှင် သွေးတောင်အန်နေလိမ့်မည်။

           သို့သော် သူ့မှာသာ ရုပ်ခန္ဓာကိုယ်ရှိမည်ဆိုလျှင် လုရှောင်ယန်က သူ့ကို ဤကဲ့သို့ လုပ်နိုင်မှာလည်း မဟုတ်ပေ။

 ဤအခိုက်အတန့်တွင် လောင်ကျွမ်းကောင်းကင်ဧကရာဇ်သည် အလွန်ဒေါသထွက်နေတော့၏။

 အမြင့်ကနေပြုတ်ကျရခြင်း၏အဓိပ္ပါယ်ကို သူ နောက်ဆုံးတွင် နားလည်သွားသည်။

 လုရှောင်ယန်သည် သူ့ကို ရှင်းယွင်ချီတစ်ထောင်အဂ္ဂိရတ်အိုးထဲသို့ ပစ်ချပြီးနောက် နောက်ဆုံးတွင် သူက အေးအေးဆေးဆေး ပြောလိုက်သည်။

 “မင်းသေတာ နှစ်အတော်ကြာနေပြီဆိုတော့ ဟန်ဆောင်နေတာကို ရပ်လိုက်တော့။ ကိုယ်ဟန်အနေအထား လမ်းကြောင်းက မင်းဆုပ်ကိုင်ထားဖို့အတွက် အရမ်းနက်နဲတယ်။"

 လောင်ကျွမ်းကောင်းကင်ဧကရာဇ်သည် ဒေါသအမျက်ထွက်ကာ သွေးအန်နေသော်လည်း သူသည် သရော်နေဆဲဖြစ်သည်။ “ခွေးကောင်၊ သိပ်ပျော်မနေနဲ့။ မင်းမှာ သိုင်းဘုရင်အဆင့် လက်နက်အနည်းငယ်ရှိလို့ ငါ မင်းကိုကြောက်မယ်ထင်နေလား။ ငါ့ရဲ့ ရိုးတွင်းခြင်ဆီက သိုင်းဘုရင်အဆင့် ရိုးတွင်းခြင်ဆီ....။ မင်းက ငါ့ရဲ့ ရိုးတွင်းခြင်ဆီကို သိုင်းဘုရင်အဆင့် အဂ္ဂိရတ်အိုးမရှိဘဲ သန့်စင်ချင်တယ်ဆိုတာ အရူးတစ်ယောက်ရဲ့ အိပ်မက်ပဲ။"

 လုရှောင်ယန် ခဏမျှ တိတ်ဆိတ်သွားသည်။

 "ဒါဆို ကျွန်တော် တကယ်ကို စိတ်မကောင်းပါဘူး။ ကျွန်တော် သန့်စင်ထားတဲ့ ဒီအဂ္ဂိရတ်အိုးက ထိပ်တန်းသိုင်းဘုရင်အဆင့်အဂ္ဂိရတ်အိုးပါ။"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now