စာစဉ် - ၅။ အခန်း ၆၆ ရှောင်ပိုင်၏မကျေနပ်ချက်

1.1K 187 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၆၆ ရှောင်ပိုင်၏မကျေနပ်ချက်

"ဘာ..." 

ရှောင်ပိုင် ထိုစကားပြောလိုက်သည်နှင့် ချက်ချင်းဆိုသလို လူတိုင်း တုန်လှုပ်သွားကြသည်။  "ရှောင်ပိုင်က တကယ်ပဲ လိပ်နက်ဂိုဏ်းရဲ့ မြတ်မြတ်သော မိန်းမပျိုနဲ့ လက်ထပ်ချင်နေတာလား?  ငါကြားလိုက်တာ မှန်ရောမှန်ရဲ့လား?" 

“သူ အရမ်းကြိုးစားပြီး ပွဲတိုင်း ပထမနေရာကို ရခဲ့တယ်ဆိုတာ အံ့သြစရာမရှိ​တော့ပါဘူး။  လတ်စသတ်တော့ အလှ​လေးကို ပိုင်ဆိုင်ယူချင်နေတာပဲ။” 

"ဒါပေမယ့်၊ ရှောင်ပိုင်ရဲ့ အရည်အချင်းက မြင့်မားလွန်း​တော့ လိပ်နက်ဂိုဏ်းကတောင် သူ့ကို ငြင်းပယ်နိုင်မှာ မဟုတ်ဘူးမလား?" 

သိုင်းပညာလောကတွင် ပါရမီသည် အလွန်ရှားပါးသော ကြွယ်ဝမှုဖြစ်သည်ကို လူတိုင်း ကောင်းကောင်းသိကြသည်။ 

အခင်းအကျင်းပညာရပ်တွင် ရှောင်ပိုင်၏အောင်မြင်မှုများသည် နတ်ဘုရားသဖွယ်ဖြစ်သည်မှာ ရှင်းပြီး လူတိုင်းကို အထက်စီးကကြည့်နေသလိုပင်။  အခြေခံအားဖြင့် မျိုးဆက်သစ်လူငယ်မည်သူမဆို သူ့ကို မယှဉ်နိုင်ကြ​ပေ။ 

အနာဂတ်တွင်၊ သူသည် ကြီးမြတ်သောကျိုး တစ်ခုလုံးတွင် အကျော်ကြားဆုံး အခင်းအကျင်းသခင် ဖြစ်လာနိုင်ဖွယ်ရှိသည်။ 

ထို့ကြောင့်၊ ချင်ကျီမော့ကိုလက်ထပ်ရန်မှာ ရူးနှမ်း​သောအိပ်မက်မဟုတ်ပေ။ 

ချင်ကျီမော့နှင့် သူမဆရာဖြစ်သည့် လိပ်နက်ဂိုဏ်းချုပ်တို့ အနည်းငယ် အံ့အားသင့်သွားကြသည်။ 

ဆရာ၊တပည့်နှစ်​ယောက်သည် ရှောင်ပိုင် ဤကဲ့သို့တောင်းဆိုချက်မျိုးပြုလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြ​ပေ။ 

သို့သော်လည်း လိပ်နက်ဂိုဏ်းချုပ်သာ လုရှောင်ယန်၏ အောင်မြင်မှုများအား မသိခဲ့ပါက ရှောင်ပိုင်အား အမှန်တကယ် စဉ်းစား​ပေးမိလိမ့်မည်ဟု ဆိုရပေမည်။ 

ရှောင်ပိုင်ကို သူ၏တပည့်နှင့်လက်ထပ်ခြင်းမပြုမီ သူ၏  ဒုတိယ တပည့်အရင်ဖြစ်စေနိုင်သည်။  ၎င်းသည် ပို၍ပင် ပျော်ရွှင်ဖွယ်ကောင်းပြီး လိပ်နက်ဂိုဏ်းသည် အနာဂတ်တွင် အစွမ်းထက်သော အခင်းအကျင်းသခင်အလောင်းအလျာများကို ပိုင်ဆိုင်နိုင်ကြောင်းလည်း ပို၍သေချာသွားစေမည်။ 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now