အခန်း ၃၃ အရိုးဖြူနတ်ဆိုးဂိုဏ်းကိုဖျက်ဆီးမယ်

1.3K 200 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၃ အရိုးဖြူနတ်ဆိုးဂိုဏ်းကိုဖျက်ဆီးမယ်

သုံးယောက်သား အလွန်အံ့ဩသွားကြတော့သည်။

“ဆရာ… ဘာကိုဆိုလိုတာများလဲ…?”

လုရှောင်ယန် တောင်ထိပ်သို့ လမ်းလျှောက်တက်သွားကာ ခြေတစ်လှမ်းဆီတိုင်းက မီတာ၁၀,၀၀၀မျှ တာသွားလေသည်။

“ကျီရွှေ့တောင်ရဲ့လျှို့ဝှက်ချက် ပေါက်ကြားသွားလို့မဖြစ်ဘူး.. ငါအရင်ပြန်ပြီး ပြင်ဆင်လိုက်ဦးမယ်… ငါ့ကို ဒီနေရာကနေပဲ စောင့်နေကြ။ ဒီည… အရိုးဖြူနတ်ဆိုးဂိုဏ်းကို တစ်ယောက်ကိုတောင်မှ အသက်ရှင်ခွင့်ပေးလိုက်လို့မဖြစ်ဘူး။”

ဟစ်!

သုံးယောက်သားလုံး ဦးရေပြားတွေ ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။

“ဆရာက တကယ်ကြီး အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးဖို့ကြံနေတာလား?”

“ဒါအရမ်းရူးသွပ်လွန်းရာမကျဘူးလား? ဂိုဏ်းကြီးတစ်ခုလုံးကို တကယ်ဖျက်ဆီးချင်နေတာလား! အရိုးဖြူနတ်ဆိုးဂိုဏ်းရဲ့အင်အားက ကောင်းကင်နတ်ဆိုးဂိုဏ်းထက် နိမ့်တယ်ဆိုရင်တောင် ဂိုဏ်းကြီးတစ်ခုဖြစ်နေတုန်းပဲလေ! ငါတို့တွေ အရိုးဖြူနတ်ဆိုးဂိုဏ်းကို သွားဖျက်ဆီးလိုက်ရင် ကြီးမြတ်သောကျိုးအင်ပါယာက သေချာပေါက် စုံစမ်းစစ်ဆေးကြတော့မှာပဲ။”

ကျင့်ကြံသူများကြား တိုက်ခိုက်ကြသည်က ပုံမှန်ဖြစ်သော်လည်း အကန့်အသတ်တော့ရှိသေးသည်။

လူအနည်းစုလောက်ကို သတ်လိုက်သည်ကတော့ ပြဿနာမဟုတ်ပေ။

သို့ပေမယ့် ဂိုဏ်းကြီးတစ်ခုလုံးကို အစုလိုက်အပြုံလိုက်သတ်မည်ဆိုလျှင်တော့ ပြဿနာရှိသွားပေပြီ။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now