အပိုင်း ၁၉၈ တိုက်ပွဲစတင်ပြီ..

581 55 0
                                    

[Unicode]
အပိုင်း ၁၉၈ တိုက်ပွဲစတင်ပြီ..

"ပါးစပ်ပိတ်"

နာလန်ဟုန်ယွီသည် လက်ရှိတွင် ဒေါသတကြီး ဖြစ်နေသည်။ ဖုန်းအောက်ထျန်း၏စကားကိုကြားတော့ သူမသည် ချက်ချင်းပင် အော်ဟစ်မိသည်။

ယခုအချိန်တွင် သူမက ဖုန်းအောက်ထျန်းကို မျက်နှာသာမပေးနိုင်တော့ပေ။

ဒီတစ်ခါ သူမတကယ်ဒုက္ခရောက်နေပြီဆိုတာ သူမခံစားနိုင်သည်။

ဤသည်မှာ ရွေးချယ်ခံရသူ၏ အရှိန်အဝါများလား။

တစ်ဖက်သားကို ဆန့်ကျင်တိုက်ခိုက်ပြီးနောက် သူမသည် နှစ်ရာနှင့်ချီ သွေးနှင့် ချွေးများရင်း၍ စုဆောင်းထားမှုများ ဆုံးရှုံးခဲ့ရသည်။

  သူတို့၏ လမ်းကြောင်းတွေကိုတောင် ဖြတ်တောက်ပစ်ခဲ့သည်။

  ယခုအချိန်တွင် သူတို့အနေနှင့် မဟာကျိုးကို ချက်ချင်းဝင်တိုက်ဖို့နှင့် ပုန်းအောင်းနေဖို့ဟူ၍ ရွေးချယ်မှုနှစ်မျိုးသာ ရှိတော့သည်။

ထို့အပြင်၊ လုရှောင်ယန်၏တိုးတက်မှုနှုန်းသည် လုံလောက်စွာ မြန်ဆန်နေပြီဖြစ်သည်။ သူ့ကိုသာ အချိန်ပိုပေးရင် သူဘယ်လောက် အစွမ်းထက်လာမယ်ဆိုတာ သူမတကယ်မသိပေ။

ယခုအချိန်တွင် နာလန်ဟုန်ယွီသည် လုရှောင်ယန်၏ကံကို ပို၍ပင် တောင့်တလာခဲ့သည်။

လုရှောင်ယန်ကိုသတ်ပြီး သူ့ကံကြမ္မာကို ဆုပ်ကိုင်နိုင်ခဲ့ရင် သူမ ဘယ်လောက်တောင် အစွမ်းထက်လာမယ်ဆိုတာ သူမ တကယ်ကို တွေးကြည့်လို့တောင် မရဘူး။

ဖုန်းအောက်ထျန်းက အေးစက်စွာ ပြုံးပြီး သူမကို စိတ်ထဲမထည့်တော့ပေ။

ဆိုရိုးစကားအတိုင်း၊ အမျိုးသမီးများသည် အကြင်နာကင်းမဲ့သည့် သရုပ်ဆောင်များဖြစ်သည်။ သူနှင့် နာလန်ဟုန်ယွီက အစတည်းက ဘာ ဆက်ဆံရေး မရှိခဲ့ဘဲ တစ်ဦးနှင့်တစ်ဦး ရိုးရိုးရှင်းရှင်း ပျော်ရွှင်မှုအချို့ကိုသာ ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

သူတို့၏ ကြောင်သူတော် အသွင်အပြင်တွေ ကွဲအက်သွားတော့ ဒီပျော်ရွှင်မှုရဲ့ နောက်ဆုံးခြေရာတွေတောင် လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။ သူတို့ရဲ့ ဘုံရန်သူ လုရှောင်ယန်ပဲ ကျန်တော့သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now