အခန်း ၇၁ လုရှောင်ယန်၏နည်းလမ်း

1.2K 181 5
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၅။ အခန်း ၇၁ လုရှောင်ယန်၏နည်းလမ်း

လုရှောင်ယန် ​သေချာ​ပေါက် မိန်းမ မလိုချင်​ပေ။ ချစ်ခြင်းမေတ္တာသည် ကျင့်ကြံခြင်းကို နှောင့်နှေးစေသည်။ ထိုကဲ့သို့ကိစ္စရပ်မျိုးကို သူလုံးဝသည်းမခံနိုင်​​ပေ။ သူ၏ ကျင့်ကြံဆင့်သည် အစကတည်းက အလွန်နိမ့်ပါးခဲ့ပြီး သူ့တွင် သိုင်းဘုရင်အဆင့် ဖခင်လည်း မရှိချေ။ ထို့အပြင် သူ၏နောက်ခံမှာလည်း မကောင်းပေ။ ကျင့်ကြံဖို့ ကြိုးကြိုးစားစား မလုပ်လျှင် ဒါဟာ ယိုယွင်းမှုလို့ ယူဆရမှာ မဟုတ်​ပေဘူးလား?

နောက်တစ်ချက်ကတော့ အမျိုးသမီးတွေက ဒုက္ခ​ပေးတတ်သည်။ အမျိုးသမီးတစ်ဦးသည်လှ​လေ​လေ ပိုဒုက္ခ​ပေး​လေ​လေပင်။

လိပ်နက်ဂိုဏ်း၏ မြင့်မြတ်သော မိန်းမပျို ချင်ကျီမော့ကဲ့သို့သော အမျိုးသမီးတစ်ဦးတွင် မရေမတွက်နိုင်သော ချစ်ခင်နှစ်သက်သူများ ရှိသည်။

သူသာ ယနေ့ သူမနှင့် ချိန်းတွေ့ခဲ့လျှင် ​နောက်​နေ့တွင် သူ့ကို စိန်ခေါ်ဖို့ ကောင်းကင်နတ်ဆိုးဂိုဏ်းဆီ တစ်စုံတစ်ယောက် ရောက်လာလိမ့်မည်။

အရေးကြီးဆုံးမှာ မိန်းမတစ်ယောက်၏ စိတ်နေစိတ်ထားမှ, ရာသီဥတုနှင့်ဆင်တူသည်။ ပုံမှန်အားဖြင့် ပူတယ်လို့ထင်ရပေမယ့် ဘယ်အချိန်မှာ မုန်တိုင်းရောက်လာမယ်ဆိုတာ ဘယ်သူမှ မသိကြပါ။

သူအဆင့်တက်ချိန်ကဲ့သို့ အရေးကြီးတဲ့အခိုက်အတန့်တွင် သူမပြသနာဖန်တီးခဲ့လျှင် သူရူးသွပ်သွားပြီး ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးသွားနိုင်သည်။

ချိန်းတွေ့ခြင်းက ကျင့်ကြံခြင်း​လောက် ဘယ်ပျော်စရာ​ကောင်းလိမ့်မလဲ။

ပြောရလျှင် ယခုအချိန်သည် ၎င်းကို စဉ်းစားရမယ့် အချိန်မဟုတ်​ပေ။ အခုနေ ရှောင်ပိုင် နတ်ဆိုးဂိုဏ်း၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရသင့်နေပြီ မဟုတ်လား။

တတ်နိုင်သမျှအမြန်ဆုံးပြင်ဆင်ပြီး ရှောင်ပိုင် ကိုသတ်သင့်သည်။

ထိုသို့တွေးပြီး လုရှောင်ယန် ဂိုဏ်းတဲကို ချက်ချင်းပြန်သွားသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now