အခန်း ၁၁၈ အကြံအစည်ကအဆုံးမရှိဘူး..

988 147 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၈။ အခန်း ၁၁၈ အကြံအစည်ကအဆုံးမရှိဘူး..

အတန်ကြာစဉ်းစားပြီးနောက် လုရှောင်ယန်တွင် ဘာမှားလို့မှားနေမှန်း လင်းဖေး မသိနိုင်ခဲ့ပေ။

 သို့သော် ဤရှေးဟောင်းကျောက်စိမ်းကိုတော့ ရယူရန် ဆုံးဖြတ်ခဲ့သည်။

 ထို့ကြောင့် အသက်ရှူထုတ်ပြီးနောက် လင်းဖေးက “အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀” ဟု ဆက်ပြောသည်။

 မမျှော်လင့်ဘဲ သူစကားပြောပြီးသည်နှင့် လုရှောင်ယန်က “အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀”

 “ဟစ်  သူရူးနေတာလား?"

 “တကယ်ကြီး သူက ဒီလို မကောင်းတဲ့အရာအတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ကို လေလံဆွဲတယ်?”

 ကျီဝူရှားလည်း အနည်းငယ် ထိတ်လန့်သွားပြီး “ဆရာ အဲဒါက ကျောက်စိမ်းတုံးပဲလေ။  ကျွန်မတို့အဲ့အတွက် ပိုက်ဆံအများကြီးသုံးစရာ မလိုဘူးမဟုတ်လား။”

 လုရှောင်ယန် ပြုံးလိုက်သည်။

 "စိတ်မပူပါနဲ့ ငါကစားနေတာ။ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ပေးချေသွားလိမ့်မယ်။”

 ကျီဝူရှား မျက်မှောင်ကြုတ်ပြီး အနည်းငယ် အံ့ဩသွားသည်။  သို့သော်၊ သူမ၏ဆရာတွင် ထိုအရာများကို လုပ်ဆောင်ရခြင်း၏ အကြောင်းရင်း သေချာပေါက်ရှိမည်ကိုသိသောကြောင့် သူမ ဆက်မမေးတော့ပါ။

 စင်စစ် လုရှောင်ယန်သည် တကယ်ကို ယုံကြည်မှုအပြည့်ရှိသည်။

 သူသည် ကျောက်စိမ်းထဲမှ သိုင်းဘုရင်အဆင့် ခြင်ဆီကို ထုတ်ယူပြီးဖြစ်သည်။ ကျောက်စိမ်းသည် အမှန်ပင် အမှိုက်သရိုက်တစ်ခုဖြစ်သည်။

 သို့သော်လည်း လင်းဖေးသည် ထိုအရာကို မသိခဲ့ပေ။ သိုင်းဘုရင်အဆင့် ခြင်ဆီက ကျောက်စိမ်းထဲမှာ ရှိနေဆဲလို့ သူထင်နေသည်။

 ၎င်းသည် သိုင်းဘုရင်အဆင့်  ခြင်ဆီ ဖြစ်သည်။

 လင်းဖေး မမိုက်မဲသရွေ့တော့ သူ စွန့်လွှတ်လိုစိတ်မရှိမှာ သေချာသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now