အခန်း ၂၃ ပြဿနာအကြီးကြီးတက်ပြီ

1.4K 208 0
                                    

[Unicode]
အခန်း ၂၃ ပြဿနာအကြီးကြီးတက်ပြီ

“အမ်…”

လုရှောင်ယန် ဆွံ့အသွားရသည်။ “ဘာတွေဖြစ်နေတာလဲ အရင်ပြောစမ်းပါဦး။”

“ဝူးဝူးဝူး… သူတို့က ငါ့ကို ရုပ်ဆိုးဆိုးမိန်းမကြမ်းကြီးပေးတယ်။ ရုပ်ဆိုးလိုက်တာမှ ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ပန်းပဲအကြီးအကဲ၊ အကြီးအကဲဟွမ်းထက်တောင် ဆိုးသေးတယ်။ ငါ့ကိုရွံ့ပြီးသေအောင်လုပ်ရုံတင်မကဘူး ငါ့လည်ပင်းမှာပဲ အနမ်းရာကြီးတစ်ခုချန်သွားသေးတယ်။ ဝူးဝူးဝူး….”

“တခြားမိန်းကလေးတစ်ယောက် ပြောင်းလိုက်လို့မရဘူးလား?”

“အဲ့မိန်းမကြီးက ငါ့ကိုတခြားမိန်းကလေးခေါ်ခွင့်မပေးဘူး။ ဒီလိုအလုပ်ရဖို့ သူ့အတွက် မလွယ်ဘူးလို့တောင် ပြောလိုက်သေးတယ်။ ဒါနဲ့ ငါလဲ ပြောထားတဲ့ဈေးနှုန်းအတိုင်း ပေးပါ့မယ် လွှတ်ပေးပါလို့ပြောတာတောင် ခွာချလို့မရဘူးလေ။ နောက်တော့ ငါ့လည်ပင်းမှာ အနမ်းမှတ်နှစ်ခုတောင် ချန်သွားသေးတယ်။ သူ့ကိုသာ အနမ်းမှတ်ပေးခွင့်မပြုရင် ငါ့ကိုမလွှတ်ပေးဘူးတဲ့။”

လုရှောင်ယန် : “…”

“အဲ့ဒါများ မင်းအားသုံးပြီးတော့ ရုန်းထွက်ခဲ့လိုက်ရင် မပြီးဘူးလား?”

“ငါလဲ မလုပ်ချင်ဘဲနေမလား၊ ဒါပေမယ့် အဲ့မိန်းမကြီးက အာကေရှားဂိုဏ်းရဲ့အကြီးအကဲ တောင်ပင်လယ်ပထမအဆင့်ဆရာကြီးဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ။ ဝူးဝူးဝူး… ငါမှသူ့ကိုမနိုင်တာ။”

ဒါနဲ့ လုရှောင်ယန်လဲ ဘေးကနတ်မိမယ်လေးကိုလှမ်းကြည့်လိုက်သည်။

နတ်မိမယ်လေးက ထပ်ပြီးတောင်းပန်လေသည်။ “ကျွန်မ တကယ်ကိုတောင်းပန်ပါတယ်။ သူက ကျွန်မတို့အာကေရှားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ။ ကျွန်မတို့တပည့်သားတွေမှာ သူ့ကိုတားပိုင်ခွင့်မရှိဘူးလေ။ သခင်ကြီးလီ အရမ်းမခံမရပ်နိုင်ဖြစ်နေရင် တိုင်ကြားစာတင်လို့ရပါတယ်။”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now