အခန်း ၅၀ ပရိယာယ်များ​သောတည်းခိုခန်း...

1.2K 181 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး

စာစဉ် - ၄

အခန်း ၅၀ ပရိယာယ်များ​သောတည်းခိုခန်း... 

ပထမ အကြီးအကဲ၏ အကြည့်သည် အေးစက်သွားသည်။ 

           

"ရှောင်ယန် မင်းမှား​နေပြီ။ ကောင်းကင်ဓားဂိုဏ်းနဲ့ ရန်ငြိုးရှိတာ ဂိုဏ်းချုပ် မဟုတ်ဘူး၊ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးက ကောင်းကင်ဓားဂိုဏ်းနဲ့ ရန်ငြိုးရှိတာ။" 

“ဟမ်..မဖြစ်နိုင်တာ  ကျွန်​တော်အရင်က ဒီအကြောင်းကို ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ။" 

လုရှောင်ယန် အတော်လေး တုန်လှုပ်သွားသည်။ 

ပထမအကြီးအကဲက သက်ပြင်းချလိုက်သည်။ 

“ဒါတွေအားလုံးက အတိတ်ကကိစ္စတွေပါ။  မင်းတို့ လူငယ်မျိုးဆက်​တွေက ကောင်းကောင်းမသိတာ သဘာဝကျပါတယ်။” 

“အဲဒီတုန်းက ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေး​နဲ့ ကောင်းကင်ဓားဂိုဏ်းရဲ့ ဘိုးဘေးတို့က တစ်ချိန်က ခွဲလို့မရတဲ့ သူငယ်ချင်းတွေပဲ။  သူတို့ နှစ်ယောက် ​နေ့တိုင်း အတူတူ အိပ်၊ အတူတူ ကခုန် ၊ အတူတူ ကျင့် ကြံကြတယ်။"

“အဲ့ဒီနောက် သူတို့နှစ်​ယောက် ပြီးပြည့်စုံတဲ့အထိ ကျင့်ကြံပြီး​တော့ ဂိုဏ်းနှစ်ခုတည်ထောင်ဖို့ ပြင်ဆင်ကြတယ်။  ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးက ကောင်းကင်ဓားဂိုဏ်းရဲ့ ဘိုးဘေးထက်ပိုပြီး ပညာတတ်တယ်။  သူက နာမည်ကို မြန်မြန်စဉ်းစား​ပြီး 'ကောင်းကင်ဓားဂိုဏ်း' ဆိုတဲ့ နာမည်ကို ပေးခဲ့တယ်။" 

“မမျှော်လင့်တာက ကောင်းကင်ဓားဂိုဏ်းရဲ့ဘိုးဘေးက အရမ်းစက်ဆုပ်ဖွယ်ကောင်းတယ်ဆိုတာပဲ။  သူက အင်ပါယာမြို့တော်ကို ညတွင်းချင်း အမြန်ပြေးပြီး နာမည်ကို အရင် စာရင်းသွင်းခဲ့တယ်လေ။” 

"ငါတို့ ကြီးမြတ်သောကျိုးအင်ပါယာရဲ့ စည်းမျဉ်းထဲမှာ ဂိုဏ်း​တွေက နာမည်တူ ထားခွင့်မပြုတာကို မင်းသိပါတယ်။  အဲ့တာကြောင့် ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးက ကောင်းကင်ဓားဂိုဏ်းဆိုတဲ့ အမည်ကို သုံးလို့မရတော့ဘူး။” 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now