အခန်း ၃၉ သိုင်းဘုရင်အဆင့်လက်နက်

1.4K 203 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၉ သိုင်းဘုရင်အဆင့်လက်နက်

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်သည် လုရှောင်ယန်၏ဆိုလိုရင်းကို နားမလည်ပါဘဲ မျက်ခုံးပင့်လိုက်သည်။ 

လုရှောင်ယန် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီးနောက် ​ပြောလိုက်သည် "သာမန် တိုက်ခိုက်ခြင်းအစီအရင်​တွေက ဒီလိုလုပ်ဖို့ခက်တယ်ဆိုတာဟုတ်ပါတယ်။ ဒါပေမယ့် ဒါက သိုင်းဘုရင်ထိပ်တန်းအဆင့် သတ်ဖြတ်ခြင်းအစီအရင်ဆိုရင်​ရော...။" 

အရိုးဖြူနတ်ဆိုးဂိုဏ်းချုပ်၏ မျက်စံများကြုံ့သွားကာ အအေးဓါတ်တစ်ခုက သူ၏ခြေဖဝါးအောက်ခြေမှ ခန္ဓာကိုယ်တစ်​လျှောက်ဖြတ်စီးသွားပြီး ဦးခေါင်းထိပ်သို့ ရောက်ရှိလာကာ ဆံပင်​တွေပါ​ထောင်သွားသလိုခံစားလိုက်ရသည်။ 

"ဒါမဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုလုပ်ပြီး သိုင်းဘုရင်ထိပ်တန်းအဆင့် သတ်ဖြတ်ခြင်းအစီအရင် ရှိနေရတာလဲ?" 

သူပြောပြီးသည်နှင့် တပြိုင်နက် ရေပုံးကဲ့သို့ သိပ်သည်းသည့် ခရမ်းရောင် မိုးကြိုးသွားတစ်ခု ကောင်းကင်မှ ရုတ်တရက် ကျလာကာ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ ပထမအကြီးအကဲကို ထိမှန်သွားတော့သည်။ 

ဘုန်း... 

မိုးခြိမ်းသံနှင့်အတူ အရိုးဖြူနတ်ဆိုးဂိုဏ်း၏ပထမအကြီးအကဲသည် မိုးကြိုး​ကြောင့် ပြာအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားကာ တုံ့ပြန်ရန် အခွင့်အရေးပင်မရရှိခဲ့ပေ။ 

ထိုမြင်ကွင်းကိုမြင်​သော အရိုးဖြူနတ်ဆိုးဂိုဏ်းမှ ဂိုဏ်းသားများ အားလုံး ​ကြောင်အသွားကြသည်။ 

ထိုသူသည် အာကာပြင်သန့်စင်ခြင်းအဆင့်သို့ပင် ​ရောက်​နေပြီဖြစ်သည့် ပထမဆုံး အကြီးအကဲပင်။ 

အာကာပြင်သန့်စင်ခြင်းအဆင့်ကိုလေ!

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now