အခန်း ၁၂၆ ထိတ်လန့်သွားတဲ့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ..

916 115 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၉။ အခန်း ၁၂၆ ထိတ်လန့်သွားတဲ့ သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူ..

သူတို့နှစ်ယောက်သည် လုရှောင်ယန် အခန်းတံခါးဆီသို့ လျှောက်သွားကြသည်။ သူတို့ လျှောက်လာစဉ်မှာပင် ပြင်းထန်သော အန္တရာယ် အငွေ့အသက်များ ရုတ်တရက် ကျဆင်းလာသည်။

 ယွဲ့ယင်းသည် ဝိညာဉ်တစ်ခုသာဖြစ်သော်လည်း သူမ၏ခြေဖျားမှ ခေါင်းအထိ အေးစက်စက်အငွေ့အသက်ကို ခံစားရဆဲဖြစ်သည်။

 "မကောင်းတော့ဘူး.. ငါလှည့်စားခံရပြီ။"

 ယွဲ့ယင်းသည် အမှန်တကယ်ပင် သိုင်းဘုရင်အဆင့် ဖြစ်တည်မှုဖြစ်သည်။ ထိုအတွေးပေါ်လာသည်နှင့် သူမ၏ ခန္ဓာကိုယ်သည်လည်း တုံ့ပြန်ပြီး လွတ်မြောက်ချင်လာသည်။

           သို့သော် အချိန်တိုလွန်းသဖြင့် သူမတွင် လှုပ်ရှားမှုနည်းပညာကို အသုံးပြုရန် အချိန်မရပေ။ သူမသည် အရှိန်အဟုန်ကိုဖန်တီးရန် သူမကိုယ်ပိုင်ခွန်အားကိုသာ အားကိုးနိုင်တော့သည်။

 သူမ မမျှော်လင့်ထားသည့်အရာမှာ လုရှောင်ယန်သည် သူမ၏လုပ်ရပ်များကို အချိန်အတော်ကြာ ကြိုတင်ခန့်မှန်းထားပုံရသည်။ သူမတုံ့ပြန်တော့မည့်အခိုက်တွင် သူသည် သူမ၏တင်ပါးကို ကန်ထုတ်ကာ သူမကို တောင်တန်းနှင့်မြစ် ပန်းချီကားထဲသို့ တိုက်ရိုက်ကန်သွင်းလိုက်သည်။

 ပြီးပြီးချင်းမှာပဲ လုရှောင်ယန်သည်လည်း တောင်တန်းနဲ့မြစ် ပန်းချီကားဆီကို ရောက်ရှိလာပြီး ဝင်ပေါက်ကို အဆင်ပြေစွာ ချိတ်ပိတ်လိုက်သည်။

 တောင်တန်းနှင့်မြစ် ပန်းချီကားတွင် သူမသည် ပတ်ဝန်းကျင်ပြောင်းလဲမှုများကို ကြည့်လိုက်ပြီး ယွဲ့ယင်း၏အမူအရာမှာ အလွန်ရုပ်ဆိုးလှသည်။

 "မင်းငါ့ကို တချိန်လုံး လိမ်နေတာလား။”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now