အပိုင်း ၁၉၁+၁၉၂

679 82 8
                                    

[Unicode]
အပိုင်း ၁၉၁ သတ်ဖြတ်သည့်တိုက်ကွက်

"ဟေး... ဘယ်လို​တောင် ဘဝင်မြင့်တဲ့ ​လေသံလဲ။ မင်းဟာ အကြီးမြတ်ဆုံးအဆင့်ရဲ့ ဒုတိယအဆင့်မှာပဲ ရှိသေးပေမယ့် မင်း ဒီလောက် မာနကြီးဖို့ သတ္တိရှိနေတုန်းပဲ။ မင်းက မဟာကျိုးမှာ အရည်အချင်းရှိတဲ့ လူမရှိဘူးလို့ တကယ်ထင်နေတာလား။"

လုရှောင်ယန်:"..."

ဒီ​ကောင်​က ဘာ​ကြောင့်​ အရမ်း​စကားများတာလဲ။

"ငါထပ်မေးမယ်။ မင်းဘယ်သူလဲ၊ ဘာဖြစ်လို့..."

ဒီတစ်ခါတွင် တစ်ဖက်လူက စကားမဆုံးခင် လုရှောင်ယန်က ချက်ချင်းထပြီး သူ့ရင်ဘတ်ကို ကန်သည်။

တစ်ဖက်သား၏ ရင်ဘတ်မှ ပြင်းထန်သော အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ပြီးချင်းမှာပဲ လုရှောင်ယန်သည် မဟာကျိုး၏ အကြီးအကဲအဖိုးကြီးဆီကို လျှောက်လာခဲ့သည်။ ထို့​နောက် တစ်ဖက်သူကို ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကန်ထုတ်ခဲ့သည်။

အုန်း...

အကြီးအကဲအဖိုးကြီးသည် သူနေထိုင်ရာ တောင်ကို တိုက်ရိုက်ထိုးဖောက်ပြီး တောင်တစ်ခုလုံးကို ဖြိုခွဲပစ်လိုက်သည်။

မြေပြင်ပေါ်သို့ လဲကျသောအခါ တုန်လှုပ်ပြီး အက်ကွဲသွားသည်။ ဤပြင်းထန်သော သက်ရောက်မှုကြောင့် မီတာ ၂၀၀ ကျော်မှ ငါးကီလိုမီတာအတွင်း မြေပြင်ကို တိုက်ရိုက်ဖြိုခွဲခဲ့သည်။

မြေအောက်ရှိ ကျောက်ဆောင်များ၏ သိပ်သည်းဆသည် သံမဏိထက်ပင် ပိုမိုမာလာသည်။

ဖွီး...

အဘိုးကြီးသည် ပါးစပ်မှ သွေးများ တိုက်ရိုက် ထွက်လာသည်။ ထိုသူ၏ သွေးများ လုရှောင်ယန်ပေါ်သို့ မစီးကျမီ လုရှောင်ယန်၏လက်သီးပေါ်က အရှိန်အဝါဖြင့် ထိုသူ၏လည်ချောင်းထဲသို့ တိုက်ရိုက်ပြန်သွင်းလိုက်သည်။

အုန်း...

အုန်း..

အုန်း...

တစ်ချက်...

နှစ်ချက်..

သုံးချက်...

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now