အခန်း ၃၅ ဆရာက အရမ်းတင်းကြပ်လွန်းတယ်

1.4K 195 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၅ ဆရာက အရမ်းတင်းကြပ်လွန်းတယ်

“…..”

လုရှောင်ယန်၏ ငတုံးတပည့်လေးသုံးယောက်မှာ ယုံကြည်ချက်တွေပျောက်ဆုံးသွားသည့် သူရဲဘောကြောင်သောကလေးများနှယ် ကြောင်အအဖြင့် သူ့ဆရာကို ဝိုင်းကြည့်နေကြလေသည်။

“ဒါ-ဒါဆို… ကျွန်တော်တို့ တောင်ပေါ် တက်ရမှာလား မတက်ရတော့ဘူးလား ဆရာ?”

“သေချာပေါက် တက်ရမှာပေါ့၊ ဒါပေမယ့် အရင်ဆုံး အခင်းအကျင်းတည်ဆောက်ဖို့လိုတယ်။”

“အခင်းအကျင်းတည်ဆောက်မယ်?”

“ဟုတ်တယ်၊ တုနှိုင်းမဲ့နေမင်းအစီအရင်၊ နတ်ဘုရားပုံရိပ်ယောင်အစီအရင်၊ ကောင်းကင်ဘုံချိုးဖြတ်ခြင်းအစီအရင်တွေ တည်ဆောက်ရမယ်! ဒါတွေအားလုံးက ကောင်းကင်ဘုံထိပ်တန်းအဆင့် အခင်းအကျင်းတွေချည်းပဲ။”

“တုနှိုင်းမဲ့နေမင်းအစီအရင်က ရန်သူရဲ့အရှိန်ကို လျော့ကျသွားစေတယ်။ နတ်ဘုရားပုံရိပ်ယောင်အစီအရင်ကတော့ ရန်သူရဲ့တွေးခေါ်ဆုံးဖြတ်နိုင်စွမ်းကို ဝေဝါးသွားစေတယ်။ ကောင်းကင်ဘုံချိုးဖြတ်ခြင်းအစီအရင်ဆိုရင်တော့ ရန်သူရဲ့ တိုက်ခိုက်စွမ်းရည်နဲ့ ခုခံစွမ်းရည်ကို အများကြီး လျော့ကျသွားစေနိုင်တယ်။ ဒီအခင်းအကျင်းသုံးခုကိုသာ သေချာခင်းကျင်းလိုက်မယ်ဆိုရင် ကောင်းကင်နတ်ဆိုးဂိုဏ်းတစ်ခုလုံးရဲ့ အင်အားကို အချိန်တစ်ခုအထိ လုံးဝလျှော့ချသွားနိုင်စွမ်းရှိတယ်။”

ဂလု!

သုံးယောက်သား တံတွေးမမြိုချမိဘဲ မနေနိုင်ဖြစ်သွားကြသည်။

ယွင်လီကောကတော့ ထုံးစံအတိုင်း အပိုတွေမပြောဘဲ မနေနိုင်ခဲ့ပေ။ “ငါတို့ဆရာလို့မပြောရဘူး၊ ဒီလိုထူးခြားတဲ့နည်းလမ်းမျိုးကို ချက်ချင်းတွေးထုတ်နိုင်တယ်… ဒီအတိုင်းသာဆို အရိုးဖြူနတ်ဆိုးဂိုဏ်းတစ်ခုလုံးက ကျွန်တော်တို့သုံးယောက်အတွက် လေ့ကျင့်ရေးကွင်းကြီးတစ်ခုလိုဖြစ်သွားမှာပဲ.. ကျွန်တော်တို့ရဲ့ ကိုယ့်အဆင့်ထက်ပိုမြင့်တဲ့လူတွေကိုပါ သတ်နိုင်စွမ်းနဲ့သာဆို သူတို့တွေ ခုခံချင်ရင်တောင် မခုခံနိုင်ကြတော့လောက်ဘူး။”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now