အခန်း ၁၀၀ ဆရာကအံ့မခန်းသန်မာတယ်

1K 146 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၇။ အခန်း ၁၀၀ ဆရာကအံ့မခန်းသန်မာတယ်

"ဒီအရူးက ဘယ်ကလာတာလဲ?"

           ကျီဝူရှား အထိတ်တလန့်ဖြစ်နေစဉ်မှာပင် ရင်းနှီးသောအသံတစ်သံကက သူမကို စိတ်သက်သာရာရ​သွားစေသည်။

           ကျီဝူရှား ချက်ချင်းလှည့်ပြီး သူ့မဆရာဆီ အရိုအ​သေ​ပေးလိုက်သည်။

 “ဆရာ၊ ကျွန်မအစ်ကိုကို မြန်မြန် ကယ်ပေးပါ။ သူက ဆရာ့ရဲ့ အစီအရင်ကို စမ်းသပ်ချင်ပေမယ့် အခု ထွက်မလာနိုင်​တော့ဘူး။  ဒီအတိုင်းဆက်နေရင် မကြာခင် သေတော့မယ်။”

 လုရှောင်ယန် : “…”

 "ဒီအရူးက ဘာလို့ ငါ့ အစီအရင်ကို စမ်းသပ်ရတာလဲ? သူ့မှာ လုပ်စရာ ဘာမှ မရှိဘူးလား?"

 ထိုသို့​ပြော​သော်လည်း တဖက်သူသည် လုပ်ကြံသတ်ဖြတ်သူမဟုတ်ပဲ ကျီဝူရှား၏ ဒုတိယအစ်ကိုပင်။ သူ့ကို တကယ်မသတ်နိုင်​ပေ။

 ထို့ကြောင့် လုရှောင်ယန်၏လက်ချောင်းသည် ​လေထဲကို နှစ်ကြိမ်ထိလိုက်သည်။ ဝိညာဉ်စွမ်းအင်စီးကြောင်းနှစ်ခုသည် အစီအရင်ထဲသို့ ဝင်ရောက်သွားပြီး အစီအရင်ကို ချက်ချင်း ရပ်တန့်ပစ်လိုက်သည်။

 ထင်ယောင်ထင်မှားဖြစ်မှု လုံးဝပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် ကျီဝူရှင်းသည် သူ့ကိုယ်သူ ရိုက်နှက်ခြင်းကို ရပ်တန့်လိုက်သည်။

 “ကျေးဇူးတင်ပါတယ် ဆရာ။”

 ကျီဝူရှားက သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး​တော့ လုရှောင်ယန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

 “လောလောဆယ် အဲဒါကို စိတ်မပူပါနဲ့။  သူ့ဒဏ်ရာတွေကို ကုသဖို့ မြန်မြန်ခေါ်သွားတာက ပိုကောင်းပါတယ်။ ဒီလူက သူ့ရဲ့သွေးအနှစ်သာရကို လောင်ကျွမ်းဖို့ လျှို့ဝှက်နည်းပညာကို အသုံးပြုထားပုံရပြီး ဒဏ်ရာအပြင်းအထန်ရနေပုံရတယ်။ အချိန်မီ မကုသရင် သူ့အ​ခြေခံကို ထိခိုက်သွားနိုင်ချေများတယ်။”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now