အခန်း ၄၅ ကျီရွှေ့​တောင်ထိပ်က မ​ကောင်းဆိုးဝါး​တွေပြည့်​နေတယ်...

1.2K 196 4
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး

စာစဉ် - ၄

အခန်း ၄၅ ကျီရွှေ့​တောင်ထိပ်က မ​ကောင်းဆိုးဝါး​တွေပြည့်​နေတယ်... 

တပည့်သုံးယောက်ကို သင်ကြားပေးပြီးနောက် လုရှောင်ယန်သည် ကျီရွှေ့ တောင်ထိပ်တွင် ဝိညာဉ်စွမ်းအင်အကာအရံကို ဖန်တီးလိုက်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ယွင်လီကောနှင့် ကျန်တပည့်နှစ်ယောက်တို့ ဝိညာဉ်စွမ်းအင်ကို ပိုမိုမြန်ဆန်စွာစုပ်ယူနိုင်စေရန်အတွက် ဝိညာဉ်စွမ်းအင်ကို တိုးမြှင့်​​သွားစေသည်။ 

ထိုအကာအရံချပြီးနောက် လုရှောင်ယန်သည်လည်း သူ၏ အခန်းထဲကို ပြန်သွားကာ စတင်ကျင့်ကြံ​တော့သည်။ 

ယွင်လီကောနှင့်အခြားနှစ်​ယောက်ပေါင်း ကျင့်ကြံနှုန်းအရှိန်သည်ပင် သူ့လောက်မမြန်ပေ။ 

သူတို့သုံးယောက်၏ ကျင့်ကြံမှုနှင့် သူ့ကိုယ်ပိုင် ကျင့်ကြံမှုအပါအဝင် သူ လိပ်နက် ဂိုဏ်းကိုမသွားခင် အနှစ်သာရခိုင်မြဲခြင်းအဆင့်ကို တက်​ရောက်နိုင်မလားဆိုတာ သူသိချင်သည်။ 

“အနှစ်သာရခိုင်မြဲခြင်းအဆင့်ကလူတွေက မြေကြီး၊ ရေ၊ လေနဲ့ မီးကို ရောနှောလို့ရတယ်။ သူတို့မှာ အားသာချက်တွေ အများကြီးရှိတယ်။ သူတို့ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ ငါ သိချင်မိတယ်…” 

လုရှောင်ယန် ထိုသို့ပြောရင်း တင်ပျဉ်ခွေထိုင်ကာ အားထုတ် ကျင့်ကြံ​တော့သည်။ 

အချိန်တွေကုန်တာမြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ညဉ့်နက်နေပြီဖြစ်သည်။ လီတောက်ယန်တစ်ယောက်လည်း အိပ်ချင်မူးတူးဖြင့် နိုးထလာခဲ့သည်။ 

သူသည် ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး အိပ်ချင်စိတ်ကို​ဖျောက်လိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး အခန်းတံခါးကိုဖွင့်ကာ သူ့အင်္ကျီကို ကြယ်သီးတပ်လိုက်သည်။ 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now