အခန်း ၄၀ လီတောက်ယန်၏ ကလဲ့စားချေမည့်အကြံ

1.3K 179 3
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၄၀ လီတောက်ယန်၏ ကလဲ့စားချေမည့်အကြံ

"ငါ မင်းတို့ကို ဘယ်နှစ်ခါပြောရမှာလဲ။ အနိုင်ရနိုင်တယ်ထင်ရင် တိုက်... မဟုတ်ရင် ပြေးလို့။ ဒါပေမယ့် မင်းတို့တွေဘာတွေလုပ်ခဲ့လဲ.. ဟမ်..  မင်းတို့ သူတို့ကို အနိုင်မယူနိုင်ပဲနဲ့ ဆက်ပြီး တိုက်နေခဲ့တယ်။ မင်းတို့ကိုယ်မင်းတို့ ပါရမီရှင်တွေ ထင်နေတာလား? မင်းတို့ကိုမင်းတို့ သတ်လို့မရတဲ့ ပိုးဟပ်တွေ ထင်နေတာလား? မင်းတို့သာ တကယ်ကို ပါရမီရှင်တွေဆိုရင် အခုလို အရှက်ခွဲခံရပြီး ငါ့တပည့်တွေ အဖြစ်နဲ့ အဆုံးသတ်မှာ မဟုတ်ဘူး!”

လုရှောင်ယန် အလွန်ဒေါသထွက်လို့နေလေသည်။

ကံကောင်းထောက်မစွာ၊ အရိုးဖြူနတ်ဆိုးအကြီးအကဲ အနည်းငယ် တိုက်ခိုက်တာခံရသည့်အချိန်၌ သူရောက်သွားခဲ့သည်။ မဟုတ်လျှင် သူတို့ သုံးယောက် အသက်မသေရင်တောင် ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်။

သူသည် ဒီကလေးတွေကို အနည်းငယ်မျှလေ့ကျင့်စေပြီး အချိန်ဆွဲထားစေချင်ရုံသာဖြစ်သည်။ သို့သော် ဒီတပည့်တွေကတော့ ခေါင်းမာမာဖြင့် သူတို့၏ အသက်ကိုဖက်နှင့်ထုပ်ပြီး တိုက်ခိုက်ခဲ့ကြသည်။

ဘာလို့များ သူ့စကားကို နားမထောင်ကြရတာလဲ?

သူတို့ သုံးယောက်သည် ခုံတန်းရှည်ကြီးပေါ်တွင် နာခံစွာလှဲပြီး သူတို့၏ဆရာ၏ ကြာပွတ်ဒဏ်ကို နာခံစွာခံယူနေကြလေသည်။

လုရှောင်ယန်သည် ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့ကို ရိုက်နှက်ပြီး နောက်ဆုံးမှသာ ကျီဝူရှားအလှည့်သို့ ရောက်သည်။

သို့သော် ယောက်ျားနှင့်မိန်းမ ကွဲပြားစွာဆက်ဆံခံရသည်ဟု ဆိုရပေမည်။

သူ ယွင်လီကောနှင့် ဖုန်းထျန်းယွမ်တို့ကို ကြာပွတ်နှင့် ရိုက်စဉ်က ကျောက်တုံးတွေကို ရိုက်နေသလိုပင်။ သူတို့၏ အသားသည် အလွန်မာကျောသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now