အခန်း ၃၂ မင်းတို့ကျင့်ကြံခြင်းရလဒ်ကိုစမ်းသပ်ရမယ့်အချိန်ပဲ

1.4K 218 6
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၃

အခန်း ၃၂ မင်းတို့ကျင့်ကြံခြင်းရလဒ်ကိုစမ်းသပ်ရမယ့်အချိန်ပဲ

ဘုန်း!

အရိုးဖြူနတ်ဆိုးဂိုဏ်းအကြီးအကဲ၏ရင်ဘက်မှနေပြီး သွေးလွှမ်းသည့်မြူများ ရုတ်ချည်းပေါက်ကွဲထွက်လာလေသည်။ သူကိုယ်တိုင်၏နံရိုးကို ဖောက်ခွဲပစ်လိုက်ခြင်းပင်။

အရိုးပေါက်ကွဲခြင်းပညာကို အသုံးပြုလိုက်သည်နှင့် လေထုကရုတ်ချည်းကျုံ့ဝင်သွားကာ သူသည်လဲ နေရာမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။

ယွင်လီကော နောက်ကအမြန်လိုက်သွားကာ ကျီဝူရှားကိုပါ လှမ်းကြည့်လိုက်သည်။ သူ့အမူအရာကတော့ လွန်စွာခက်ထန်လို့နေလေသည်။

“သူလွတ်သွားတော့မယ်!”

“မြန်မြန်၊ ကျီရွှေ့တောင်တစ်ခုလုံးကိုရှာမှ။ သူလွတ်သွားလို့မဖြစ်ဘူး။ ဆရာသာသိသွားရင် သေချာပေါက်ဒေါသထွက်လိမ့်မယ်။”

…….

တစ်ချိန်တည်းမှာပဲ ကျီရွှေ့တောင်အနောက်ဘက်ရှိ ရေတံခွန်ရှေ့တွင် လေထုကကျုံ့ဝင်သွားလေသည်။ အရိုးဖြူနတ်ဆိုးဂိုဏ်းမှအကြီးအကဲက ထိုနေရာသို့ ရွှေ့ပြောင်းလာခဲ့ခြင်းပင်။

“အဟွတ်.. ဟွတ်!”

နံရိုးပေါက်ကွဲခဲ့သည့်အရှိန်ကြောင့် ပြင်းထန်စွာချောင်းဆိုးလိုက်ရင်း သွေးပါအန်လိုက်မိသည်။

“ကျီရွှေ့တောင်လို တောင်ငယ်လေးရဲ့တပည့်တွေက ဒီလောက်ထိအင်အားကြီးကြလိမ့်မယ်လို့ လုံးဝမထင်ထားမိဘူး.. တကယ်ကိုပဲ ကောင်းကင်နတ်ဆိုးဂိုဏ်းက ရတနာတစ်ခုခုရသွားတာပဲဖြစ်မယ်.. ငါအမြန်ဆုံး အရိုးဖြူနတ်ဆိုးဂိုဏ်းကိုပြန်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းကို ရှင်းထုတ်ဖို့ တခြားဂိုဏ်းတွေနဲ့ပါပူးပေါင်းအောင် ဂိုဏ်းချုပ်ကိုပြောရမယ်။”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now