အခန်း ၅၆ ပါရမီရှင်နှင့်​တွေ့ခြင်း...

1.2K 177 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး

စာစဉ် - ၄

အခန်း ၅၆ ပါရမီရှင်နှင့်​တွေ့ခြင်း... 

အစက လုရှောင်ယန် သည် သူတို့ဆီ တကယ်ကို ​မသွားချင်​ပေ။  သို့သော် ဂိုဏ်းနှစ်ခုသည် ရန်ဖြစ်တော့မည့်ပုံ​ပေါက်​နေသည်။  ထိုသို့ဖြစ်လျှင် ပို၍ပင်ရှက်စရာ ကောင်းလိမ့်မည်။ 

သူသည် မတတ်နိုင်ပဲ ရှေ့သို့သာ ​ဆက်သွားနိုင်​တော့သည်။ 

"ဂိုဏ်းချုပ် ကျွန်​တော် နောက်ကျသွားတယ်။ တောင်းပန်ပါတယ်" 

တိုက်ခိုက်​တော့မည့်ဟန်​ပေါ်​နေသည့် ဂိုဏ်းချုပ်ချန်သည် ဤအသံကိုကြားသောအခါ ရုတ်တရက် တုန်လှုပ်သွားသည်။  ထို့နောက် မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်သည်။  လုရှောင်ယန်ဖြစ်သည်ကို သူမြင်သောအခါ သူ၏မျက်လုံးများသည် အနည်းငယ် နီမြန်းလာသည်။ 

ထို့နောက် သူအမြန်လျှောက်လာပြီး လုရှောင်ယန်ကို ပုခုံးပုတ်လိုက်ပြီး သူ၏အသံမှာ စိတ်လှုပ်ရှားစွာ အနည်းငယ်ဆို့နင့်သွားသည်။ 

"ရှောင်ယန်၊ နောက်ဆုံးတော့ မင်းဒီကိုရောက်ပြီပဲ။  မင်းကို မိစ္ဆာဂိုဏ်းကသတ်လိုက်ပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလို့ ငါထင်ခဲ့တာ။" 

“အိုး…” 

လုရှောင်ယန် အနည်းငယ် ​ပြောစရာစကား​ပျောက်ရှသွားသည်။  ဤဂိုဏ်းချုပ်သည်လည်း ကောင်းကင်ဓားဂိုဏ်း၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။  လုရှောင်ယန်ကို သူမြင်လိုက်သောအခါ သူ၏ကယ်တင်ရှင်ကို မြင်လိုက်ရသလိုပင်။ 

 "ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်၊ အဲဒီညက အတော်လေး မှောင်နေတာကြောင့် သူတို့ကို မျက်​ခြေဖျက်နိုင်ခဲ့တယ်။" 

"မင်းပြန်လာနိုင်တာ ကောင်းတယ်။" 

လုရှောင်ယန်၏ပခုံးကို ထပ်မံပွတ်သပ်လိုက်ကာ ဂိုဏ်းချုပ်ချန်သည် သူလှည့်ကြည့်​သောအချိန်တွင် မေးစေ့ကို အနည်းငယ်​မော့လိုက်သည်။  သူ၏ အမူအရာ တစ်ခုလုံးသည် ယခင်ကနှင့် သိသိသာသာ ကွဲပြားသွားသည်။ 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now