အခန်း ၈၅ အောင်မြင်သည့် အဆင့်မြှင့်တင်မှု...

1.2K 190 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၆။ အခန်း ၈၅ အောင်မြင်သည့် အဆင့်မြှင့်တင်မှု...

သို့သော် လုရှောင်ယန်သည် သူ၏အတွေးများကို ထုတ်မပြောပေ။

 "အဟမ်း....၊ အဲဒါဆိုရင် ဂိုဏ်းချုပ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်..."

 "ရှောင်ယန် မင်းက ယဉ်ကျေးလွန်းတယ်။ ဒါဆိုရင်ကော ဘယ်လိုလဲ? အခုကစပြီး မင်းကို ကျင့်ကြံရာမှာ အထောက်အကူဖြစ်ဖို့ လစဉ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ ပေးမယ်။ မင်း  ကောင်းကောင်း ကျင့်ကြံဖို့ပဲလိုတယ်။  မင်းဆီ ပို့ပေးဖို့ တစ်ယောက်ယောက်ကို ငါခိုင်းလိုက်မယ်။  ရတနာတိုက်တော်ကို သွားဖို့ အချိန်ဖြုန်းနေစရာ မလိုဘူး။"

"သိုင်းလောကထဲလည်ပတ်မယ် ဆိုတာကိုတော့ ငါ သဘောမတူဘူး။  လိပ်နက်ဂိုဏ်းက သူတို့ ပထမအကြီးအကဲ  သစ္စာဖောက်လို့  နတ်ဆိုးအရှင် လွတ်မြောက်သွားပြီဆိုတဲ့ သတင်းကို အခုလေးတင် ပေးပို့ထားတာကြောင့်ပဲ။”

" ဟုတ်ပါတယ်.. မင်းက အပြင်ထွက်ပြီး လေ့ကျင့်ချင်တယ်ဆိုရင်တော့ ငါမင်းကို တားမှာမဟုတ်ဘူး။  ဒါပေမယ့် သတိထားရမယ်။ ဘာလို့ဆို အတွေ့အကြုံများများရမှသာ သိုင်းလမ်းကြောင်းကို လျှောက်လှမ်းနိုင်မှာမလို့ဘဲ။”

 ဂိုဏ်းချုပ်၏စကားများသည် လုရှောင်ယန်၏နှလုံးသားကို များစွာနွေးထွေးစေသည်။

 ဂိုဏ်းချုပ်နှင့် အခြားသူများသည် သူနှင့် သူ၏အနာဂတ်အတွက် အလားအလာကို ကြိုတွက်သည်မှာ အမှန်ပင်။

 သို့သော် တဖက်လူက သူ့အတွက် တကယ်ကို အများကြီးလုပ်ပေးခဲ့သည်။

 "အထောက်အပံ့အတွက် ကျေးဇူးပါ.. ဂိုဏ်းချုပ်နဲ့ အကြီးအကဲများ... ရှောင်ယန် ကျေးဇူး မမေ့ပါဘူး...။"

 အားလုံးက ခေါင်းညိတ်သည်။

 “အဲဒါဆိုရင် တခြားဘာမှ မရှိဘူးဆိုရင်တော့ ငါတို့ မင်းရဲ့ ကျင့်ကြံမှုကို မနှောင့်ယှက်တော့ဘူး..ငါတို့ ပြန်တော့မယ်။”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now