အပိုင်း ၁၉၃

823 99 0
                                    

[Unicode]
အပိုင်း ၁၉၃ ပေါင်းစည်းခြင်း

အိမ်ငယ်လေးကို သိုင်းဘုရင်အဆင့် အစီအရင်များဖြင့် ဖုံးအုပ်ထားသည်။

ထို့အပြင်၊ လီလျှို့ရွှေ၏ဓားရိုးသည် ဤတောင်အနည်းငယ်နှင့် အခြားသော သိုင်းဘုရင်အဆင့် အစီအရင်များကို ဖျက်ဆီးလုနီးပါးဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း ထိုအိမ်ငယ်လေးသည် မပျက်မစီးရှိနေဆဲပင်။

ဖုန်းထျန်းယွမ် နောက်ကွယ်က လူက တကယ်ပဲ ဘယ်လောက် အစွမ်းထက်သလဲ။

ဖုန်းအောက်ထျန်း၏ မျက်လုံးများသည် နှစ်ကြိမ်တိုင်တိုင် မျက်​တောင်ခတ်ပြီး နောက်ဆုံးတွင် လီလျှို့ရွှေ၏နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဖုန်းထျန်းယွမ်သည် ထိုလှုပ်ရှားမှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ဤကြီးမားသော ခြိမ်းခြောက်မှု ဖုန်းထျန်းယွမ်ကို သတ်ပြီးနောက် ဖုန်းအောက်ထျန်းသည် ယနေ့အတွက် သူ မဆုံးရှုံးဟု ခံစားရသည်။

မြေပြင်တွင်၊ တည်ငြိမ်သွားသောအခါ အားလုံးသည် သွေးအနှစ်သာရနှင့် ခွန်အားအချို့ ပြန်လည်ရရှိပြီးနောက် ချက်ချင်းစုရုံးကြသည်။

"အားလုံးအဆင်ပြေရဲ့လား..."

ယွင်လီကောက အော်လိုက်သည်။ ကျီဝူရှားနဲ့ တခြားသူတွေက ချက်ချင်းပြန်ဖြေသည်၊

"ကောင်းပါတယ်။"

"ရတယ်​။"

ယွင်လီကော က သက်ပြင်းချပြီး လူတွေကို ရေတွက်လိုက်သည်။

"တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး... မဟုတ်ဘူး၊ တတိယ ညီ​လေး ဘယ်မှာလဲ"

သူသည် အော်ဟစ်ပြီး ချက်ချင်းဆိုသလို ရှာဖွေရန် သူ၏ နတ်အာရုံကို အသုံးပြုခဲ့သည်။ ထို့နောက် သူခံစားမိသည့်နေရာဆီသို့ ပျံသန်းသွားသည်။

"ဆရာတူ ညီ​လေးဖုန်း။"

"ဆရာတူ အစ်ကိုဖုန်း ဘာဖြစ်တာလဲ?"

လီချန်းရှန်နှင့် အခြားသူများ ပြေးလာပြီး ဖုန်းထျန်းယွမ်ကို တွေ့လိုက်ရသည်။ သူတို့ နှလုံးသားတွေ ချက်ခြင်း တုန်ခါသွားသည် ။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now