အခန်း ၁၃၀ အစီအစဉ်

1K 121 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် ၉။ အခန်း ၁၃၀ အစီအစဉ်

"မင်းက ငါ့ကျွန်ဖြစ်ဖို့ မထိုက်တန်ဘူး။"

 လုရှောင်ယန် သူမစကားများကို လျစ်လျူရှုကာ ပြောလိုက်ခြင်းက ယွဲ့ယင်း၏နှလုံးကို ချက်ချင်း အေးခဲသွားစေသည်။

 ထို့နောက် လုရှောင်ယန်သည် နောက်ထပ်ကြီးမားသော သိုင်းဘုရင်အဆင့် အဂ္ဂိရတ်ဖိုလ်တစ်ခုကို ထုတ်ယူလိုက်သည်ကို သူမတွေ့လိုက်ရသည်။

 အကြောင်းတစ်ခုခုကြောင့် ကြီးမားသော အဂ္ဂိရတ်ဖိုလ်ကြီးကို မြင်သောအခါ ယွဲ့ယင်းသည် ချက်ချင်းပင် ဆိုးရွားသော ခံစားချက်ကို ရလိုက်သည်။

 "ဘာ... ဘာလုပ်နေတာလဲ။"

 "ဟုတ်တယ် မင်းကို သိုင်းဘုရင်အဆင့် စိတ်ဝိညာဉ်ဆေးလုံးအဖြစ် ပြုပြင်ပြီး ငါ့တပည့်တွေကို သူတို့ရဲ့ သိုင်းရည်မှန်းချက် တိုးမြင့်အောင် စားခွင့်ပေးမလို့..။"

 ယွဲ့ယင်း အံသြသွားသည်။ လုရှောင်ယန်ဟာ သူမကို သင်္ချိုင်းနေရာမရှိပဲ သေဆုံးအောင်လုပ်ခဲ့လျှင် အကြောင်းအရာတစ်ခုဖြစ်သည်။ သို့သော် သူတကယ်ပဲ သူမကို ဆေးဖက်ဝင်ဆေးလုံးအဖြစ် ပြုပြင်ချင်နေသည်လား။

 “မင်း… မင်းက လူမဆန်ဘူးပဲ။ ငါ ကိုယ့်ကိုယ်ကို ဖျက်စီးပစ်ရင်တောင် မင်းငါ့ကို အခွင့်ကောင်းယူခွင့်မပေးဘူး။"

 သို့သော်လည်း သူမကိုယ်တိုင် မဖျက်ဆီးနိုင်မီ လုရှောင်ယန်သည် ရုတ်တရက် ခြေထောက်ကို မြှောက်ကာ ရှင်းယွင်ချီတစ်ထောင်အိုး ထဲသို့ ကန်သွင်းပစ်လိုက်သည်။

 “ကိုယ့်ကိုယ်ကို ဖျက်စီးတာက မင်းကိစ္စပဲ။ ငါ့ရဲ့ ကြီးမားတဲ့ ဒီအိုးကြီးထဲမှာ မင်းကိုယ်တိုင် ဖျက်ဆီးပစ်ရင်တောင် မင်းရဲ့ ဝိညာဉ်စွမ်းအားက ပျံ့နှံ့မှာ မဟုတ်ဘူး။ ဒီနေ့ မင်းကို သေချာစားရမှဖြစ်မယ်။"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now