အခန်း ၅၈ ဒါနဲ့လဲ ဆုရနိုင်တယ်လား?

1.2K 175 3
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၄

အခန်း ၅၈ ဒါနဲ့လဲ ဆုရနိုင်တယ်လား? (ဂရု-အခန်း ၉၈)

လူတိုင်း အစီအရင်များ စတင်ရေးဆွဲနေကြပြီဖြစ်သည်။

ရှောင်ပိုင်သည်လဲ အစီအရင်ကို စတင်ရေးဆွဲတည်ဆောက်လို့နေပေပြီ။

လုရှောင်ယန်ကတော့ စိတ်အာရုံကို ပိုလို့ပင် သေချာလွှမ်းခြုံထားလိုက်သည်။ ပြောရမည်ဆိုလျှင် ထိုကောင်လေးသည် အမှန်ကိုအရည်အချင်းရှိလှသည်။ ရှောင်ပိုင်၏အစီအရင်ပညာသည် သူ့လက်ရှိအင်အား၏ ၅၀ရာခိုင်နှုန်းအထိပင် ရှိသည်။

သို့သော်လည်း ထိုကောင်စုတ်လေး၏စကားအရ ကြည့်ရတာ သိုင်းဘုရင်အဆင့်ပညာရှင်တစ်ယောက်မှနေပြီး ပြန်လည်မွေးဖွားလာပုံရသည်။

ဒါ့အပြင် အရင်ဘဝက သိုင်းဘုရင်အဆင့်ပညာရှင်ဖြစ်ခဲ့ချိန်တုန်းက အလွန်အထင်ကြီးလောက်စရာ ကောင်းခဲ့ပုံလဲ မရပေ။ ဤကဲ့သို့ထင်မြင်ချက်ရှိရခြင်းမှာ အစီအရင်ရေးဆွဲခြင်းသည် သင်ယူနိုင်သည့်နည်းစနစ်တစ်ခုဖြစ်ကာ ကျင့်ကြံခြင်းမဟုတ်ပေ။

ထို့ကြောင့် သိုင်းဘုရင်အဆင့်မှာ မရှိတော့လျှင်တောင်မှ အစီအရင်ရေးဆွဲသည့် ပညာသည် ဤမျှအထိ နိမ့်ကျသွားစရာမရှိပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ဝမ့်ခိုက်၏ ကြည်လင်လှသည့် စက်ရုပ်လိုလိုမိန်းကလေးသံက လုရှောင်ယန်၏နားထဲ ပဲ့တင်လာခဲ့သည်။

ဒင်! မြင်းနက်ကို ရှာဖွေတွေ့ရှိ။ မြင်းနက်ကိုသာ ရှင်းနိုင်ခဲ့လျှင် လက်ဆောင်အိတ်ပေါင်းများစွာ ရရှိနိုင်ပါသည်။ ဒါ့အပြင် မြင်းနက်၏ကံကောင်းမှုကို ခိုးယူ၍ အနာဂါတ်တွင် ပိုမိုများပြားသည့် လက်ဆောင်များရရှိစေရန်အတွက် စနစ်ကို အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။

ထိုအသံကြောင့် လုရှောင်ယန် မှင်သက်သွားရသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now