အခန်း ၁၀၄ နတ်ဘုရားအဆင့်ပစ္စည်း နောက်တစ်ခု...

1K 159 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၇။ အခန်း ၁၀၄ နတ်ဘုရားအဆင့်ပစ္စည်း နောက်တစ်ခု...

လုရှောင်ယန်သည် အကယ်၍ သူသာ အစီအရင်ကို အသုံးပြုလျှင်၊  သူတော်စင်အဆင့် သို့ဝင်ရောက်နေပြီဖြစ်သည့် ဖြစ်တည်မှုတစ်ခုကိုပင် ရင်ဆိုင် တိုက်ခိုက်နိုင်သည်ဟု ခံစားရသည်။

           သို့သော် ဤသည်မှာ အတွေးတစ်ခုမျှသာ ဖြစ်သည်။  လုရှောင်ယန်သည် သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် အမှန်တကယ်ရင်ဆိုင်ရပါက၊ ပြေးဖို့ကိုသာ သေချာပေါက်ရွေးချယ်မည်ဖြစ်သည်။

 သတိကြီးသောသူသည် သူ့ထက်ကျင့်ကြံဆင့်သာလွန်သူတွေကို ဘယ်တော့မှ မျက်စိစုံမှိတ်တိုက်ခိုက်မည်မဟုတ်ပေ။

 ရှောင်လွှဲ၍မရသော အခြေနေတစ်ခုကို ကြုံတွေ့တာမျိုးမဟုတ်သရွေ့  လုရှောင်ယန်သည် တိုက်ခိုက်မှုကိုရှောင်လွှဲ၍ရလျှင် ရှောင်လွှဲမည်မှာ သေချာသည်။

 "ဝမ့်ခိုက်" 

[လာပါပြီ သခင်]

 "လီချန်းရှန်ရဲ့ အချက်အလက်ကို ပြ...။"

 [ဟုတ်ကဲ့ လောလောဆယ် လုပ်ဆောင်နေပါတယ်]

 မကြာခင်တွင် လီချန်းရှန်၏ အချက်အလက်ကို ဖော်ပြလာသည်။ သူသည် အာကာပြင်လေ့လာခြင်းအဆင့်၏ပထမအဆင့်ကိုရောက်ရှိသွားပြီး လက်ဆောင်များစွာ ထုတ်လုပ်ပေးသည်။ လက်ဆောင်များသည် လုရှောင်ယန်ကို ဖွင့်ဖောက်ရန် ဖိတ်ခေါ်နေသလို အလင်းရောင် ဖျော့ဖျော့ ထွက်နေသည်။

 လုရှောင်ယန်အနေနဲ့ ထိုသို့သောသွေးဆောင်မှုမျိုးကို ဘယ်လိုလုပ်ပြီးတော့များ ခုခံနိုင်မတဲ့လဲ။

 "ငါ မင်းကို ကြမ်းကြမ်းတမ်းတမ်း ဖောက်ပစ်မလားဆိုတာ ကြည့်ထား။"

 သူသည် လက်ဆောင်အိတ်အားလုံးကို အမြန်ဖွင့်လိုက်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now