အခန်း ၈၉ သူက ကြယ်​ကောင်းကင်ကလာတာ

993 146 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၆။ အခန်း ၈၉ သူက ကြယ်​ကောင်းကင်ကလာတာ

လုရှောင်ယန်၏ အရှိန်အဝါ ကို ခံစားလိုက်ရသဖြင့် ယွင်လီကော နှင့် ကျန်တပည့်နှစ်ယောက်လုံး ချက်ချင်းရောက်လာကြသည်။

 "ဆရာ ကျွန်​တော်တို့ကို အတူတူ လိုက်​စေချင်လား?"

 လုရှောင်ယန် ခေါင်းယမ်းလိုက်သည်။

 “မလိုအပ်ဘူး။  ငါတို့ အထောက်အထား​တွေက လူများရင် ပိုသိသာတယ်။ ငါတစ်ယောက်တည်း လုံလောက်တယ်။ မင်းတို့ အဆင်သင့်ပြင်ထားကြ။ ဒါပြီးရင် တောင်ပေါ်ကဆင်းပြီး မဟာကျိုး နန်းမြို့​တော်ကို သွားမယ်။"

 ထိုစကားကိုကြား​သော် သူတို့သုံးယောက် အထူးသဖြင့် ကျီဝူရှား အံ့သြသွားသည်။

       သူမဆရာသည် သူမ၏ ကိစ္စများကို စတင်ကိုင်တွယ်တော့မည်ကို သူမသိလိုက်သည်။

 ရှေ့မှာ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပင်။  ကောင်းကင်နတ်ဆိုးဂိုဏ်း တပည့်များ၏ ကျင့်ကြံဆင့်မှာ အမှန်တကယ် နည်းပါးလွန်းပြီး နတ်ဆိုးဂိုဏ်း၏ ထိပ်သီးများကို တွန်းလှန်နိုင်ခြင်း မရှိပေ။  နှစ်ဘက်ကြား တိုက်ပွဲက အဖြေရှိပြီးသား ပုစ္ဆာတစ်ပုဒ်လိုဖြစ်နေသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲများ အဆက်မပြတ်ကျဆုံးခြင်းနှင့်အတူ၊ ကောင်းကင်နတ်ဆိုးဂိုဏ်း ဖျက်ဆီးခြင်းခံရမည်မှာ အသေအချာပင်။ နတ်ဆိုးဂိုဏ်းမှအကြီးအကဲ အနည်းငယ်က သူတို့ရှေ့က တိုက်ပွဲကို ကြည့်ပြီး လေးစားသည့်အမူအရာမျိုး ထုတ်ဖော်လိုက်ကြသည်။

 "ဒီကောင်းကင်နတ်ဆိုးဂိုဏ်းက ဒီလောက်ကြာကြာခံနိုင်ရည်ရှိမယ်လို့ ငါမမျှော်လင့်ထားဘူး။"

           “ဒါပေမယ့် ယုံကြည်အားထားရာဂိုဏ်းက တိုက်ပွဲကတော့ ပြီးနေလောက်ပြီ။ ငါတို့တွေလဲ အကြီးအကဲယဲ့ရှားရဲ့ အပြစ်တင်မခံရအောင် အချိန်အကြာကြီးဆွဲနေလို့ မဖြစ်တော့ဘူး။”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now