အခန်း ၉၃ နန်း​တော်ထဲသို့ပထမဆုံးဝင်ခြင်း...

1K 145 5
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၇။ အခန်း ၉၃ နန်း​တော်ထဲသို့ပထမဆုံးဝင်ခြင်း...

ဟစ်...

ယွင်လီကောနှင့် အခြားနှစ်ယောက်တို့သည် တညီတညွတ်တည်း ရင်ထိတ်သွားကာ သူတို့၏ မျက်လုံးများထဲတွင် မြင်းနက်တွေကို ကြောက်ရွံ့မှုများ ပြည့်နှက်နေသည် ။

 မြင်းနက်တွေက ကြောက်စရာကောင်းလွန်းတယ်။

  မျှော်လင့်ထားသည့်အတိုင်း သူတို့သည် ဟက်ကာများပီသသည်။

 သို့သော် သေသေချာချာ တွေးကြည့်လျှင် သူတို့၏ဆရာက ထိုသူတို့ကို ကြောက်ဖို့ အကြောင်းပြချက်ရှိမှန်း သိလိုက်ရသည်။

  ခရီးရှည်ကြီးပြီးနောက် လူတိုင်းသည် မဟာကျိုး နန်းမြို့တော်သို့ အမြန်ရောက်ရှိလာကြသည်။

 လိပ်နက်ဂိုဏ်းနှင့်ယှဉ်လျှင် မဟာကျိုး နန်းမြို့​တော်သည် တကယ့်ကို ကြီးကျယ်ခမ်းနားသည်။

 ဘယ်လောက်တောင်ကြီးမားလဲကတော့ မျက်စိနှင့်ပင် အလွယ်လေး နှိုင်းယှဉ်လို့ရသည်။

 ၎င်းသည် တုဖက်ပြိုင်ရန်ခဲယဉ်းလှသည်။

 လိပ်နက်ဂိုဏ်းသည် မဟာကျိုး နန်းမြို့​တော်ရှိ အင်ပါယာနန်းတော်နှင့် နှိုင်းယှဉ်လျှင် ယှဉ်လို့ရတယ် ဆိုရုံသာ။

         သို့သော်လည်း မဟာကျိုး နန်းမြို့တော်တွင် တော်ဝင်နန်းတော်တစ်ခုထက်မက ရှိသည်။

 ထို့ အပြင်၊ မဟာကျိုး နန်းမြို့တော်တွင် တော်ဝင်နန်းတော်များအပြင် သာမန်လူများအတွက် အိမ်ရာများလည်းရှိသည်။

       လုရှောင်ယန်၏ စိတ်အာရုံသည် တော်ဝင်မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားနိုင်ရုံမျှသာဖြစ်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now