အခန်း ၉၀ လိုက်​လျောညီ​ထွေ​နေတတ်ဖို့သင်ရမယ်

1K 172 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၆။ အခန်း ၉၀ လိုက်​လျောညီ​ထွေ​နေတတ်ဖို့သင်ရမယ်

မည်းမှောင်သောညကောင်းကင်တွင် အနက်ရောင်ဝတ်ရုံနှင့် ဝါးဦးထုပ်ဆောင်းထားသည့် အသွင်တစ်ခုက ခြေလှမ်းတလှမ်းချင်း ဖြတ်လျှောက်လာသည်။

 သူ၏အမြန်နှုန်းသည် မြန်သည်ဟု ယူဆ၍မရ​သော်လည်း ​ခြေလှမ်းတိုင်းသည် မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသလိုပင်။  သူလှမ်းလိုက်သည့်အခါတိုင်း ​လေထုသည် တဆတ်ဆတ်တုန်နေပုံရသည်။

  တစ်ချိန်တည်းမှာပင် ခြေလှမ်းတစ်လှမ်းချင်းစီ နီးကပ်လာသည်နှင့်အမျှ လူတိုင်းသည် အသက်ရှူကြပ်​စေသည့် ဖိအားများ တိုးလာသည်ဟု ခံစားရသည်။

 သူသည် တစ်ယောက်တည်းဖြစ်​သော်လည်း ပြင်းထန်သည့် အရှိန်အဝါရှိသည့် တောင်ကြီးတစ်ခုလိုပင်။

 နတ်ဆိုးဂိုဏ်းမှ လူများ အားလုံး ချွေး​စေးများ စိုရွှဲကာ တုန်လှုပ်နေကြသည်။

 “အကြီးအကဲက ဘယ်သူလဲလို့ မေးပါရ​စေ။ ကျွန်​တော်တို့ မြင့်မြတ်သော နတ်ဆိုးဂိုဏ်းကို ဘာကြောင့် ပစ်မှတ်ထားရတာလဲ?"

  လုရှောင်ယန်ဝတ်ဆင်ထားသည့် မျက်နှာဖုံးသည် လူတစ်ဦး၏အသံကို ပြောင်းလဲစေနိုင်သောကြောင့်  သူ စကားမပြောပဲ​နေစရာမလိုပေ။

           “လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်းကို ငါတည်ထောင်ခဲ့တယ်။  အနှစ်တစ်ထောင်ကြာတော့ မင်းတို့က ဒီကိုလာပြီး ငါ့တပည့်တွေ တပည့်ကြီးတွေကို သတ်ဖို့ ကြိုးစားကြတယ်။  အခုလည်း မင်းငါ့ကို ဘာလို့ မင်းရဲ့ နတ်ဆိုးဂိုဏ်းကို ပစ်မှတ်ထားနေတာလဲလို့တောင် မေးနေသေးတယ်။  ရယ်စရာကြီးလို့ မထင်ဘူးလား?"

 "ဘာ... မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘိုးဘေးသခင်လား?"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now